ဇာခရိ 8:17 - မြန်မာ့စံမီသမ္မာကျမ်း17 သင်တို့စိတ်ထဲ၌ ကိုယ့်အိမ်နီးချင်းအား မကောင်းသောအကြံကို မကြံစည်ရ။ မဟုတ်မမှန် ကျိန်ဆိုခြင်းကို မနှစ်သက်ရ။ ဤအရာအလုံးစုံကို ငါမုန်း၏’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible17 သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible17 အ ချင်း ချင်း မ ကောင်း ကြံ စည် ခြင်း၊ မု သာ သုံး ၍ သက် သေ ခံ ခြင်း များ ကို ငါ ရွံ ရှာ သည့် အ တွက်၊ မ ပြု ကြ လင့် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ၍ တည်း။ Ver CapítuloJudson Bible17 တစ်ယောက်ကိုတစ်ယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့်။ မမှန်သောကျိန်ဆိုခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သောအမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။