Biblia Todo Logo
La Biblia Online
- Anuncios -




ဇာ​ခ​ရိ 7:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘အမှန်​ကို အမှန်​အတိုင်း​စီရင်ဆုံးဖြတ်​ကြ​လော့​။ တစ်ဦး​ကို​တစ်ဦး မေတ္တာကရုဏာ ပြ​ကြ​လော့​။ သနားစုံမက်​ကြ​လော့​။

Ver Capítulo Copiar

Common Language Bible

9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ရှေး အ​ခါ​၌​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား`သင် တို့​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​ကြ​လျက်၊ တစ်​ဦး​အ​ပေါ်​တစ်​ဦး​သ​နား​က​ရု​ဏာ ထား​ရ​ကြ​မည်။-

Ver Capítulo Copiar

Garrad Bible

9 လူ အ ချင်း ချင်း တို့၌၊ သ မ္မာ တ ရား အ တိုင်း ဆုံး ဖြတ် လျက်၊ သင်္ဂ ဟ တ ရား နှင့် က ရု ဏာ တ ရား ကို ဆောင် လျက်၊

Ver Capítulo Copiar

Judson Bible

9 တ​ရား​အ​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် ကျေး​ဇူး​ပြု​ကြ​လော့။

Ver Capítulo Copiar




ဇာ​ခ​ရိ 7:9
30 Referencias Cruzadas  

ဒါဝိဒ်​မင်းကြီး​က သူ့​အား “​မ​ကြောက်​နှင့်​။ သင့်​ဖခင်​ယောနသန်​ကို​ထောက်ပြီး သင့်​အား မေတ္တာကရုဏာ​ကို​ပြ​မည်​။ သင့်​အဘိုး​ရှောလု​မင်းကြီး​ပိုင်​ခဲ့​သော​လယ်ယာမြေ​အားလုံး​ကို သင့်​အား ပြန်ပေးအပ်​မည်​။ သင်​သည် ငါ့​စားပွဲ​တွင် အမြဲ​စားသောက်​ရ​မည်”​ဟု ဆို​လျှင်


ငါ့​သိုးမွေးထည်​ဖြင့် သူ့​ကို နွေး​အောင်​မ​လုပ်ပေး​ခဲ့​၍ သူ​၏​ကိုယ်​သည်​လည်း ငါ့​ကို ကျေးဇူး​မ​တင်​ခဲ့​လျှင်​၊


မျှော်လင့်ချက်မဲ့​သူ​အဖို့ မိတ်ဆွေ​ထံမှ မေတ္တာ​ကို ခံရ​သင့်​ပေ​၏​။ သို့ဖြစ်လျှင် သူ​သည် အနန္တတန်ခိုးရှင်​အား ကြောက်ရွံ့ရိုသေ​ခြင်း​ကို စွန့်ပယ်​မည်​မ​ဟုတ်​ပေ​။


ထာဝရဘုရား​သည် ယဇ်ပူဇော်​ခြင်း​ထက် ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​ကို ပို၍​နှစ်သက်​တော်မူ​၏​။


ထာဝရဘုရား​က “အို ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နံနက်တိုင်း တရားသဖြင့်​စစ်ကြောစီရင်​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်​သော​သူ​၏​လက်​မှ ကယ်နုတ်​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် မီး​ကဲ့သို့​တောက်လောင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​ပြု​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်သူ​၏​လက်​မှ​ကယ်နုတ်​လော့​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​ကို နိုင်ထက်စီးနင်း​မ​ပြု​နှင့်​။ အကြမ်း​မ​ဖက်​နှင့်​။ ဤ​အရပ်​၌ အပြစ်မဲ့​သော​သူ​ကို မ​သတ်​နှင့်​။


သို့သော် သူ​တို့​အား ‘​ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ သင်​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​ပညတ်​သော​နည်းလမ်း​ရှိသမျှ​တို့​ကို သင်​တို့​လိုက်လျှောက်​လျှင် သင်​တို့​ကောင်းစား​ကြ​ရ​မည်​’ ဟူသော​စကား​ကို​ကား ငါ​မိန့်မှာ​ခဲ့​၏​။


သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို အမှန်​ပြုပြင်​လျှင်​၊ သင်​တို့​သည် အိမ်နီးချင်း​အချင်းချင်း​ကြား တရားမျှတ​စွာ​စီရင်​လျှင်​၊


အတိုး​ဖြင့်​မ​ချေးငှား​၊ အမြတ်​မ​ယူ​၊ မတရားမှု​ကို​ရှောင်ကြဉ်​လျက် အမှု​ဖြစ်ပွား​သော​လူ​နှစ်​ဦး​ကြားတွင် မျှတစွာ​စီရင်​လျှင်​၊


‘အို အစ္စရေး​မင်းသား​တို့​၊ တော်သင့်​ပြီ​။ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖိနှိပ်ညှဉ်းဆဲ​ခြင်း​အမှု​တို့​ကို​ရှောင်​၍ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ ပြုကျင့်​ကြ​လော့​။ ငါ့​လူမျိုး​တို့​ထံမှ လုယူသိမ်းပိုက်​ခြင်း​အမှု​ကို ရပ်တန်းကရပ်​ကြ​လော့’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ကုန်သည်​သည် မမှန်ကန်​သော​ချိန်ခွင်​ကို သုံး​တတ်​၏​။ မတရား​ရယူ​လို​သော​စိတ် ရှိ​၏​။


တရားစီရင်​ရာ​တွင် မတရားသဖြင့် မ​စီရင်​ရ​။ ဆင်းရဲ​သော​သူ​ကို ဘက်​မ​လိုက်​ရ​။ ချမ်းသာ​သော​သူ​ကို​လည်း မ​လိုက်လျော​ရ​။ သင်​၏​အိမ်နီးချင်း​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။


တရားမျှတ​ခြင်း​ကို မြစ်ရေ​သဖွယ် စီးဆင်း​စေ​လော့​။ ဖြောင့်မတ်​ခြင်း​ကို​လည်း ချောင်းရေ​သဖွယ် အစဉ်​စီးဆင်း​စေ​လော့​။


အို အချင်း​လူ​၊ မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို သင့်​အား​ပြောပြ​တော်မူ​ပြီ​။ စင်စစ် တရားမျှတ​စွာ​ပြုကျင့်​ခြင်း​၊ မေတ္တာကရုဏာ​ကို မြတ်နိုး​ခြင်း​၊ ဘုရားသခင်​ရှေ့​တော်​၌ စိတ်နှိမ့်ချ​စွာ​အသက်ရှင်​လျှောက်လှမ်း​ခြင်း မှတစ်ပါး သင့်​အား မည်သည့်​အရာ​ကို ထာဝရဘုရား တောင်းဆို​တော်မူ​သနည်း​။


ဂျေရုဆလင်​မြို့​နှင့် အနီး​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၌ လူ​အများ​စိုးရိမ်ကြောင့်ကြမှု​ကင်း​စွာ​နေထိုင်​ကြ​ရ​စဉ်က​၊ နေဂေ့​အရပ်​နှင့်​မြေနိမ့်ဒေသ​တွင် လူသူ​နေထိုင်​သေး​စဉ်က ထာဝရဘုရား​သည် ရှေး​ပရောဖက်​တို့​မှတစ်ဆင့် ဤ​စကား​တို့​ကို​မိန့်​တော်မူ​ခဲ့​ရ​သည် မ​ဟုတ်​လော’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ​ဇာခရိ​ထံသို့​ရောက်လာ​ပြန်​၍


သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဇီရာ​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေးလှူ​ကြ​၏။ သို့သော် ပညတ်​တရား​ထဲမှ ပို၍​အရေးကြီး​သော တရားမျှတ​ခြင်း၊ ကရုဏာ​ထား​ခြင်း​နှင့် သစ္စာစောင့်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ချန်လှပ်​မ​ထား​ရ။


သို့သော် ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဟင်းသီးဟင်းရွက်​အမျိုးမျိုး​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေး​လှူ​ကြ​သော်လည်း တရားမျှတ​ခြင်း​နှင့် ဘုရားသခင်​အပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ဥပေက္ခာ​မ​ပြု​ရ။


အပြင်ပန်း​အားဖြင့် လူ​ကို​မ​စီရင်​ဘဲ တရားမျှတ​စွာ​စီရင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


“ငါ​တို့​၏​ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ့​ထံမှ ဦးစွာ​ကြားနာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အမှုအရာ​ကို​လည်း​မ​သိ​ဘဲ စီရင်​ပါ​မည်​လော”​ဟု ဆို​လျှင်


သင့်​ညီအစ်ကို​၏​နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ မျက်စိလည်​လမ်းမှား​နေ​သည်​ကို သင်​တွေ့​လျှင် မသိကျိုးကျွန်​မ​ပြု​ရ​။ သင့်​ညီအစ်ကို​ထံသို့ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos