ဇာခရိ 7:6 - မြန်မာ့စံမီသမ္မာကျမ်း6 သင်တို့ စားသောက်ကြသောအခါ ကိုယ့်အဖို့သာ ကိုယ်စားသောက်ကြသည်မဟုတ်လော။ Ver CapítuloCommon Language Bible6 စားပွဲသောက်ပွဲကျင်းပကြသည်မှာလည်း မိမိတို့အာသာချင်ရဲပြေစေရန်သာလျှင် ဖြစ်ပေသည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible6 စား ပွဲ သောက် ပွဲ များ ကို ပြု ကြ သည် မှာ၊ ကိုယ် ကို ရည် ဆောင် ကြ သည် မ ဟုတ် လော။ Ver CapítuloJudson Bible6 စားသောက်သောအခါ၌လည်း ကိုယ်အလိုအလျောက် စားသောက်ကြသည် မဟုတ်လော။ Ver Capítulo |
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
သူတို့သည် စပျစ်ဝိုင်ကို ထာဝရဘုရားထံ သွန်းလောင်းပူဇော်ရမည်မဟုတ်။ သူတို့၏ပူဇော်သက္ကာတို့ကိုလည်း ကိုယ်တော်လက်ခံတော်မူမည်မဟုတ်။ ထိုပူဇော်သက္ကာသည် သူတို့အဖို့ အသုဘအစာကဲ့သို့ ဖြစ်၏။ စားသောသူအားလုံး ညစ်ညူးခြင်းသို့ ရောက်လိမ့်မည်။ အကယ်စင်စစ် ထိုအစာသည် သူတို့စားဖို့သာ ဖြစ်၏။ ထာဝရဘုရားအိမ်တော်သို့ မယူဆောင်လာရ။