ဇာခရိ 7:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါခေါ်သောအခါ သူတို့မထူးသကဲ့သို့ သူတို့ခေါ်သောအခါ၌လည်း ငါမထူး’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible13 ငါ၏မိန့်တော်မူချက်ကိုသူတို့သည်နား မထောင်သောကြောင့် သူတို့၏ဆုတောင်းသံ ကိုအနန္တတန်ခိုးရှင်ငါထာဝရဘုရား နားညောင်းတော်မမူ။- Ver CapítuloGarrad Bible13 ငါ ဟစ် ကြော် သော အ ခါ၊ ချင်း တို့ နား မ ထောင် ဘဲ နေ ကြ သည် နည်း တူ၊ ချင်း တို့ ဟစ် သော အ ခါ၊ ငါ လည်း နား မ ညောင်း ဘဲ၊ Ver CapítuloJudson Bible13 ငါဟစ်ခေါ်၍ သူတို့သည်နားမထောင်သကဲ့သို့၊ တစ်ဖန် သူတို့သည်ဟစ်ခေါ်၍ ငါလည်း နားမထောင်ဘဲနေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။