ဇာခရိ 6:15 - မြန်မာ့စံမီသမ္မာကျမ်း15 ရပ်ဝေးမှလူတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကိုလည်း သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားကို နာခံလိုက်လျှောက်လျှင် ထိုသို့ဖြစ်လာလိမ့်မည်”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible15 ရပ်ဝေးဒေသတွင်နေထိုင်ကြကုန်သော လူတို့သည်လာ၍ ထာဝရဘုရား၏ဗိမာန် ကိုပြန်လည်တည်ဆောက်ရာတွင်ကူညီဆောင် ရွက်ကြလိမ့်မည်။ ထိုဗိမာန်တော်ကိုပြန်လည် တည်ဆောက်၍ပြီးသောအခါ သင်တို့သည် မိမိတို့ထံသို့ငါ့အားအနန္တတန်ခိုးရှင် ထာဝရဘုရားစေလွှတ်တော်မူခဲ့ကြောင်း သိရှိကြလိမ့်မည်။ အကယ်၍သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်တို့ကိုတိကျစွာလိုက်နာကြ ပါမူဤအမှုအရာများဖြစ်ပျက်လာ လိမ့်မည်။ Ver CapítuloGarrad Bible15 ဝေး ကွာ စွာ နေ သော သူ တို့ လည်း လာ ရောက် လျက်၊ ငါ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို ကူ ညီ တည် ဆောက် ကြ လတ္တံ့ ဟူ ၍ တည်း။ ငါ့ ကို၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ ကြောင်း၊ သင် တို့ သိ ရ ကြ သည့် ပြင်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို၊ နား ထောင် နာ ခံ ကြ လျှင်၊ ထို သို့ ဖြစ် ထွန်း ရ လ တ္တံ့။ Ver CapítuloJudson Bible15 ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ဗိမာန်တော်၌ တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ Ver Capítulo |
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ‘သင်သည် ငါ့လမ်းစဉ်များအတိုင်း လိုက်လျှောက်ပြီး ငါညွှန်ကြားသည့်အတိုင်း လိုက်နာမည်ဆိုလျှင် ငါ့အိမ်တော်တွင် တာဝန်ထမ်းရသောအခွင့်၊ ငါ့ဝင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရသောအခွင့်ကို ပေးမည်။ ရပ်နေသော ဤသူတို့နှင့်အတူ ဝင်ထွက်သွားလာရသောအခွင့်ကိုလည်း သင့်အား ငါပေးမည်။