ဇာခရိ 3:3 - မြန်မာ့စံမီသမ္မာကျမ်း3 ယောရှုသည် ညစ်ပေသောအဝတ်ကို ဝတ်လျက် ကောင်းကင်တမန်ရှေ့တွင် ရပ်နေ၏။ Ver CapítuloCommon Language Bible3 ယောရှုသည်ညစ်ပေနေသောအဝတ်များကို ဝတ်လျက် ထိုအရပ်တွင်ရပ်၍နေ၏။- Ver CapítuloGarrad Bible3 စေ တ မန် တော့် ရှေ့ တွင် ရပ် တန့် သူ ယော ရှု သည်၊ ညစ် ပေ သော သင်္ကန်း ကို ဝတ် နေ ရာ၊ Ver CapítuloJudson Bible3 ယောရှုသည် ညစ်ညူးသောအဝတ်ကို ဝတ်လျက်၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ်၍၊ Ver Capítulo |
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောအရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်တို့သည် ယနေ့ လွတ်မြောက်၍ ကြွင်းကျန်သောသူများ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အပြစ်ရှိလျက်ပင် ကိုယ်တော့်ရှေ့တွင် ရပ်နေခွင့်ရပါပြီ။ သို့သော် ကိုယ့်အပြစ်ကြောင့် ရှေ့တော်တွင် ရပ်နေနိုင်သူ တစ်ဦးမျှမရှိပါ”ဟု တောင်းလျှောက်လေ၏။
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။