ဇာခရိ 2:9 - မြန်မာ့စံမီသမ္မာကျမ်း9 စင်စစ် သူတို့အပေါ်၌ ငါ့လက်ကိုဝှေ့ယမ်းမည်။ သူတို့သည် သူတို့အစေအပါး၏လက်၌ လုယက်ပစ္စည်း ဖြစ်လိမ့်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်တို့သိရလိမ့်မည်။ Ver CapítuloCommon Language Bible9 ``ဤသို့လျှင်ထာဝရဘုရားကိုယ်တော်တိုင် ပင် သင်တို့အားတိုက်ခိုက်တော်မူလိမ့်မည်။ အခါ တစ်ပါးကသင်တို့၏အစေအပါးကိုခံခဲ့ ရကြသူတို့သည် သင်တို့ကိုလုယက်တိုက်ခိုက် ကြလတ္တံ့'' ဟူသောဗျာဒိတ်တော်နှင့်အတူငါ့ အားစေလွှတ်တော်မူသတည်း။ ဤအမှုအရာများဖြစ်ပျက်လာသောအခါ ငါ့အား အနန္တတန်ခိုးရှင်ထာဝရဘုရားစေ လွှတ်တော်မူလိုက်ကြောင်းကိုလူအပေါင်းတို့ သိရှိကြလိမ့်မည်။ Ver CapítuloGarrad Bible9 ငါ သည်၊ သင် တို့ အ ပေါ် တွင် လက် တော် ကို ဆန့် ယမ်း လျက်၊ အ မှု ထမ်း ခဲ့ ရ သူ တို့ လု ယူ ရာ ဖြစ် စေ မည် ဟူ၍ တည်း။ ငါ့ ကို ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့။ Ver CapítuloJudson Bible9 သူတို့ကို ငါတိုက်၍ သူတို့၏ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ Ver Capítulo |
လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”
ကွင်းပြင်မှထင်းများကို စုသိမ်းစရာမလို၊ တောထဲမှ ထင်းများကို ခုတ်ယူစရာမလို။ ထိုလက်နက်များကို လောင်စာအဖြစ် အသုံးပြုကြလိမ့်မည်။ သူတို့ထံ လုယူခဲ့သောအရာများကို သူတို့ပြန်လည်လုယူကြလိမ့်မည်။ သူတို့ထံ သိမ်းယူသွားသောအရာတို့ကို သူတို့ပြန်လည်သိမ်းယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ရပ်ဝေးမှလူတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကိုလည်း သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားကို နာခံလိုက်လျှောက်လျှင် ထိုသို့ဖြစ်လာလိမ့်မည်”ဟု မိန့်ဆို၏။