ဇာခရိ 14:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုနေ့ရက်တွင် မြင်းချူလုံးများ၌ “ထာဝရဘုရား၌ သန့်ရှင်းခြင်း”ဟု ရေးထိုးထားလိမ့်မည်။ ထာဝရဘုရားအိမ်တော်ရှိ အိုးတို့သည်လည်း ယဇ်ပလ္လင်ရှေ့ရှိ ဇလုံများကဲ့သို့ ဖြစ်လိမ့်မည်။ Ver CapítuloCommon Language Bible20 ထိုအချိန်ကာလ၌မြင်းကကြိုးတန်ဆာ ခေါင်းလောင်းများပေါ်တွင်``ထာဝရဘုရား အားဆက်ကပ်ထားသည်'' ဟူသောစာတမ်း ကိုကမ္ပည်းထိုး၍ထားလိမ့်မည်။ ဗိမာန်တော် တွင်ချက်ပြုတ်သည့်အိုးများသည်ယဇ်ပလ္လင် ရှေ့မှခွက်ဖလားများကဲ့သို့သန့်ရှင်းမြင့် မြတ်ကြလိမ့်မည်။- Ver CapítuloGarrad Bible20 ထို နေ့ ရက် ကာ လ၌၊ မြင်း တန် ဆာ ချူ များ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား အ ဘို့ သီး သန့် ထား ပြီ ဟု အ က္ခ ရာ တင် သည့် ပြင်၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ရှိ အိုး ခွက် များ ပင်၊ ပူ ဇော် ရာ ပ လ္လင် တော် ဆိုင် သော အင် တုံ များ ကဲ့ သို့ ဖြစ် လျက်၊ Ver CapítuloJudson Bible20 ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့်ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ်ကြလိမ့်မည်။ Ver Capítulo |
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။