Biblia Todo Logo
La Biblia Online
- Anuncios -




ဇာ​ခ​ရိ 10:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 “သိုးထိန်း​တို့​ကို ငါ​အမျက်ထွက်​၏​။ ခေါင်းဆောင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ အကြောင်းမူကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိမိ​၏​သိုးစု​ယုဒ​အမျိုးအနွယ်​ကို ကြည့်ရှု​ထောက်မ​၍ သူ​တို့​ကို ရဲစွမ်းသတ္တိ​ရှိ​သော​စစ်​မြင်း​ကဲ့သို့ ဖြစ်​စေ​မည်​။

Ver Capítulo Copiar

Common Language Bible

3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မိ​မိ​လူ​မျိုး တော်​ကို​အုပ်​စိုး​သည့်​မင်း​တို့​အား အ​မျက် ထွက်​သ​ဖြင့်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ယု​ဒ ပြည်​သား​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​စောင့်​ထိန်း​ကြည့်​ရှု​မည်။ သူ တို့​သည်​ငါ​၏​အင်​အား​ကြီး​မား​သည့်​စစ် မြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

3 ငါ သည်၊ ထို အ ထိန်း အ ကျောင်း တို့ အ ပေါ် တွင် အ မျက် တော် ထား လျက်၊ ဆိတ် ထီး ကြီး တို့ ကို လည်း အ စီ အ ရင် ကြွ လာ မည်။ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ ယု ဒ အ မျိုး သား တည်း ဟူ သော သိုး အုပ် တော် ကို၊ အ ကြည့် အ ရှု ကြွ လာ လျက်၊ စစ် ပွဲ၌ အ သ ရေ ဆောင် မြင်း ကဲ့ သို့ ဖြစ် စေ မည်။

Ver Capítulo Copiar

Judson Bible

3 သိုး​ထိန်း​တို့​ကို ငါ​အ​မျက်​ထွက်၍၊ ဆိတ်​ထီး​တို့​ကို စစ်​ကြော​သ​ဖြင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သိုး​စု ယု​ဒ​အ​မျိုး​ကို အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ ဘုန်း​တော်​ကို​ဆောင်​သော စစ်​တိုက်​မြင်း​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။

Ver Capítulo Copiar




ဇာ​ခ​ရိ 10:3
28 Referencias Cruzadas  

တံပိုးမှုတ်​လိုက်​သည်​နှင့် ဟီးကနဲ​အော်မြည်​တတ်​၏​။ တိုက်ပွဲ​ထဲမှ တပ်မှူး​တို့​၏​စစ်ငြာသံ​နှင့် ကြွေးကြော်သံ​တို့​ကို အဝေး​မှ အာရုံရ​တတ်​၏​။


ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​ကြောင်း​၊ သူ​တို့​ခံရ​သည့်​ဖိစီးနှိပ်စက်မှု​ကို သိမြင်​တော်မူ​ကြောင်း အစ္စရေး​လူမျိုး​တို့ ကြားသိ​ရ​သောအခါ ယုံကြည်​၍ ဦးညွှတ်​လျက် ရှိခိုးကိုးကွယ်​ကြ​၏​။


စစ်တိုက်​ရ​မည့်​နေ့​အတွက် မြင်း​ကို​ပြင်ဆင်​ထား​သော်လည်း အောင်ပွဲ​သည် ထာဝရဘုရား​နှင့်​ဆိုင်​၏​။


ငါ့​ချစ်သူလေး​၊ သင့်​ကို ဖာရော​မင်းကြီး​၏ စစ်ရထား​၌​က​သော မြင်းမလေး​နှင့် တင်စား​မည်​။


ဘုရားရှင်​သည် ဇိအုန်​တောင်​နှင့်​ဂျေရုဆလင်​မြို့​၌ ပြု​ရ​မည့်​အမှု​ရှိသမျှ​ကို ပြု​ပြီး​သောအခါ စိတ်နှလုံး​ခက်ထန်​သော​၊ မျက်နှာ​ထောင်လွှား​သော အဆီးရီးယား​ဘုရင်​ကို အပြစ်ဒဏ်​ပေး​မည်​။


ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ကောင်းကင်​ဗိုလ်ခြေ​တို့​ကို ကောင်းကင်​၌​လည်းကောင်း​၊ မြေကြီး​ဘုရင်​တို့​ကို မြေကြီး​ပေါ်၌​လည်းကောင်း ဒဏ်ခတ်​တော်မူ​မည်​။


အကြောင်းမူကား သိုးထိန်း​တို့​သည် အသိတရား​ကင်းမဲ့​ကြ​၏​။ ထာဝရဘုရား​ကို​မ​ရှာ​ကြ​။ ထို့ကြောင့် အောင်မြင်မှု​မ​ရရှိ​ကြ​။ သူ​တို့​၏​သိုးစု​အားလုံး​တို့​သည်​လည်း ကွဲလွင့်​ကြ​လေ​ပြီ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​မည်​။ လူပျို​တို့​သည် ဓား​ဖြင့်​သေ​ကြ​လိမ့်မည်​။ သူ​တို့​၏​သား​သမီး​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ကြ​လိမ့်မည်​။


အနှစ်​ခုနစ်ဆယ်​ပြည့်​ပြီးမှ ဘေဘီလုံ​ဘုရင်​မှစ၍ သူ​၏​လူမျိုး​များ​နှင့်တကွ ခါလဒဲ​ပြည်​ကို​ပါ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ ထို​ပြည်​ကို အစဉ်​လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။


အို သိုးထိန်း​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အော်ဟစ်​ကြ​လော့​။ အို သိုးစု​ခေါင်းဆောင်​တို့​၊ ပြာ​၌​လူး​ကြ​လော့​။ သင်​တို့​ကို​သတ်ဖြတ်​မည့်​နေ့ရက်​၊ တကွဲတပြား​ဖြစ်​စေ​မည့်​နေ့ရက် ရောက်လာ​ပြီ​။ အဖိုးတန်​ပစ္စည်း​ပျက်စီး​သကဲ့သို့ သင်​တို့​ပျက်စီး​ကြ​လိမ့်မည်​။


ငါ့​လူမျိုး​တော်​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ​။ သူ​တို့​ကို​ထိန်းကျောင်း​သော​သိုးထိန်း​တို့​သည် သူ​တို့​ကို​လမ်းလွဲ​စေ​ပြီ​။ တောင်​များ​ပေါ်တွင် တလည်လည်​ဖြစ်​စေ​ပြီ​။ သူ​တို့​၏​နားနေရာ​ကို မမှတ်မိ​တော့​ဘဲ တစ်တောင်​မှ​တစ်တောင် တစ်​ကုန်း​မှ​တစ်​ကုန်း​သို့ လှည့်လည်​သွားလာ​နေ​ရ​လေ​ပြီ​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​မည်​။


သိုးထိန်း​သည် ကွဲလွင့်​သွား​သော မိမိ​၏​သိုး​တို့​ကို လိုက်ရှာ​သကဲ့သို့ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ရှာဖွေ​မည်​။ မိုးအုံ့​၍​အမှောင်ကျ​သော​နေ့​တွင် အရပ်ရပ်​ကွဲလွင့်​သွား​သော ငါ့​သိုး​တို့​ကို​ကယ်တင်​မည်​။


“​အချင်း​လူသား​၊ အစ္စရေး​သိုးထိန်း​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က သိုးထိန်း​တို့​အား ‘မိမိကိုယ်ကို​သာ ကျွေးမွေး​စောင့်ရှောက်​သော အစ္စရေး​သိုးထိန်း​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​၏​။ သိုးထိန်း​တို့​မည်သည် သိုး​တို့​ကို ကျွေးမွေး​ရ​မည်​မ​ဟုတ်​လော​။


သူ​သည် ပဋိညာဉ်​ချိုးဖောက်​သော​သူ​တို့​ကို မြှောက်ပင့်​ပြောဆို​၍ ဖျက်ဆီး​လိမ့်မည်​။ မိမိ​ဘုရားသခင်​ကို​သိကျွမ်း​သော​သူ​တို့​မူကား သူ့​အား ရဲရင့်​စွာ​တန်ပြန်​တိုက်ခိုက်​လိမ့်မည်​။


“ထာဝရဘုရား​၏​ယဇ်ပူဇော်​ရာ​နေ့​၌ မှူးမတ်​များ​၊ ဘုရင့်​သား​တော်​များ​နှင့် တစ်ပါးအမျိုးသား​ဝတ်စုံ​ဝတ်ဆင်​သော​သူ​များ​ကို ငါ​ဒဏ်ခတ်​မည်​။


ထို​နေရာ​သည် ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​တို့​အတွက် ဖြစ်​လိမ့်မည်​။ သူ​တို့​သည် ထို​နေရာ​တွင် ကျက်စား​၍ နေဝင်ချိန်​၌ အာရှကေလုန်​မြို့​ရှိ​အိမ်​တို့​တွင် လဲလျောင်း​ကြ​လိမ့်မည်​။ စင်စစ် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို အကြည့်အရှု​ကြွလာ​၍ ဖမ်းခေါ်​သွား​ခြင်း​ခံ​ရာ​မှ ပြန်လာ​စေ​တော်မူ​မည်​။


သိုး​တို့​ကို​ပစ်ထား​သည့် အသုံးမကျ​သော​သိုးထိန်း​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၏​လက်မောင်း​နှင့် သူ​၏​ယာဘက်​မျက်လုံး​သည် ဓား​ထိုး​ခံရ​၍ သူ့​လက်မောင်း​သည် အကြောသေ​ပြီး ယာဘက်​မျက်လုံး​သည် ကွယ်သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး


လူမျိုးခြား​တို့​အလယ်​တွင် ကောင်း​စွာ​အသက်ရှင်​နေထိုင်​ကြ​လော့။ သို့ပြုလျှင် သူ​တို့​သည် သင်​တို့​ကို ဒုစရိုက်​ပြု​သူ​များ​အဖြစ် ပုတ်ခတ်​ပြောဆို​ကြ​သော်လည်း သင်​တို့​၏​ကောင်း​သော​အမှု​တို့​ကို​မြင်​၍ အကြည့်အရှု​ကြွလာ​တော်မူ​သော​နေ့ရက်​၌ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အား ကြည့်ရှု​ထောက်မ​၍ အစာရေစာ​ပေး​တော်မူ​ကြောင်း​ကို မောဘ​ပြည်​မှ နောမိ​ကြားသိ​သောအခါ သူ​သည် ချွေးမ​တို့​နှင့်အတူ မောဘ​ပြည်​မှ နေရင်းပြည်​သို့ ပြန်သွား​ရန် ပြင်ဆင်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos