Biblia Todo Logo
La Biblia Online
- Anuncios -




ဇာ​ခ​ရိ 10:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ငါ​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ ပြန်ခေါ်​လာ​မည်​။ အဆီးရီးယား​ပြည်​မှ ပြန်လည်​စုသိမ်း​မည်​။ ဂိလဒ်​ပြည်​၊ လက်ဘနွန်​တောင်​သို့ ခေါ်ဆောင်​လာ​မည်​။ သူ​တို့​နေစရာ​အဖို့ နေရာလပ်​မ​ကျန်​အောင် ဖြစ်​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

10 ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ ပြည်​မှ ပြန်​လည်​ခေါ်​ဆောင်​ကာ၊မိ​မိ​တို့​နေ​ရင်း​ပြည်​တွင် နေ​ရာ​ချ​ထား​မည်။ သူ​တို့​အား​ဂိ​လဒ်​ပြည်​နှင့်​လေ​ဗ​နုန်​ပြည်​တွင် လည်း ငါ​နေ​ရာ​ချ​ထား​မည်။ သို့​ဖြစ်​၍​လူ​တို့​နေ​စ​ရာ​မြေ​မ​လောက် နိုင်​အောင် ရှိ​လိမ့်​မည်။

Ver Capítulo Copiar

Garrad Bible

10 ငါ သည် အိ ဂျစ် ပြည် မှ တစ် ဖန် ခေါ် ဆောင် ခြင်း၊ အာ ရှု ရိ ပြည် မှ စု သိမ်း ခြင်း ကို ပြု လျက်၊ ဂိ လဒ် နယ်၊ လေ ဗ နုန် နယ် များ တွင်၊ နေ ရာ လပ် မ ရှိ သည့် တိုင် အောင် ပြန် ပို့ ရာ၊

Ver Capítulo Copiar

Judson Bible

10 သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ အာ​ရှု​ရိ​ပြည်​မှ​ခေါ်၍ စု​ဝေး​စေ​မည်။ ဂိ​လဒ်​ပြည်​နှင့် လေ​ဗ​နုန်​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့ နေ​စ​ရာ​ဖို့ မြေ​မ​လောက်​နိုင်။

Ver Capítulo Copiar




ဇာ​ခ​ရိ 10:10
16 Referencias Cruzadas  

လူ​အနည်းငယ်​သည် လူ​တစ်ထောင်​ဖြစ်လာ​မည်​။ အားနည်း​သော​လူမျိုး​သည် အားကြီး​သော​လူမျိုး​ဖြစ်လာ​မည်​။ ငါ​ထာဝရဘုရား​သည် အချိန်တန်​လျှင် ထို​အရာ​ကို အလျင်အမြန်​ဖြစ်စေ​မည်​။


ယုဒ​ဘုရင်​၏​နန်းတော်​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သင်​သည် ဂိလဒ်​ပြည်​ကဲ့သို့​၊ လက်ဘနွန်​တောင်ထိပ်​ကဲ့သို့ ဖြစ်​သော်လည်း ငါ​သည် သင့်​ကို တောကန္တာရ​ကဲ့သို့​၊ လူ​မ​နေ​သော​မြို့​ကဲ့သို့ ဖြစ်​စေ​မည်​။


အစ္စရေး​လူမျိုး​ကို​ကား သူ​တို့​စားကျက်မြေ​သို့ ပြန်ခေါ်လာ​မည်​။ သူ​တို့​သည် ကရမေလ​တောင်​၊ ဗာရှန်​တောင်​၌ ကျက်စား​ကြ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ဂိလဒ်​ပြည်​ရှိ​တောင်ကုန်း​တို့​၌ ဝလင်​စွာ​စား​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ခြင်္သေ့​ကဲ့သို့​ဟိန်း​တော်မူ​မည်​။ ဟိန်း​တော်မူ​သောအခါ ကိုယ်တော်​၏​သားသမီး​တို့​သည် အနောက်​အရပ်​မှ​ကြောက်ရွံ့တုန်လှုပ်​လျက် ထွက်လာ​ကြ​မည်​။


သူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ငှက်​ကဲ့သို့ အီဂျစ်​ပြည်​မှ​လည်းကောင်း​၊ ချိုးငှက်​ကဲ့သို့ အဆီးရီးယား​ပြည်​မှ​လည်းကောင်း ထွက်လာ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို နေရင်းပြည်​၌ နေရာချ​ထား​ပေး​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော အစ္စရေး​လူမျိုး​အလုံးအရင်း​တို့​သည် ခါနာန်​ပြည်​ကို ဇရတ္တ​မြို့​တိုင်အောင် ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ သေဖရဒ်​ပြည်​သို့​ရောက်ရှိ​သွား​သော ဂျေရုဆလင်​မြို့သား​တို့​သည် နေဂေ့​အရပ်​ရှိ​မြို့​များ​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။


စားကျက်မြေ​ကောင်း​သည့်​တောမြိုင်​အလယ်​တွင် သီးသန့်​နေ​သော ကိုယ်တော်​၏​အမွေ​တော်​သိုးစု​ဖြစ်​သည့် ကိုယ်တော်​၏​လူမျိုး​တော်​ကို တောင်ဝှေး​တော်​ဖြင့် ထိန်းကျောင်း​တော်မူ​ပါ​။ ရှေးယခင် ဗာရှန်​ပြည်​၊ ဂိလဒ်​ပြည်​မှာ​ကဲ့သို့ သူ​တို့​ကို ကျွေးမွေး​တော်မူ​ပါ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ နေထွက်​ရာ​အရပ်​၊ နေဝင်​ရာ​အရပ်​တို့​မှ ငါ့​လူမျိုး​တော်​တို့​ကို ငါ​ကယ်နုတ်​မည်​။


သူ​တို့​ကို ပြန်ခေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင် နေထိုင်​စေ​ပြီး သူ​တို့​သည် ငါ​၏​လူမျိုး​တော် ဖြစ်​လိမ့်မည်​။ ငါ​သည်​လည်း သူ​တို့​အဖို့ သစ္စာစောင့်​သော​၊ ဖြောင့်မတ်​သော​ဘုရားသခင် ဖြစ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos