ဇာခရိ 1:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထို့ကြောင့် ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား “ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် သူက “ဤချိုများကား ယုဒလူမျိုး၊ အစ္စရေးလူမျိုးနှင့် ဂျေရုဆလင်မြို့တို့ကို ကွဲလွင့်စေသောချိုများဖြစ်သည်”ဟု ငါ့အား ပြောပြ၏။ Ver CapítuloCommon Language Bible19 ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။ Ver CapítuloGarrad Bible19 ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ ဤ အ ရာ ကား၊ မည် သို့ ပါ နည်း ဟု မေး လျှင်၊ ယေ ရု ရှ လင် မြို့ မှ စ၍၊ ဣ သ ရေ လ နှင့် ယု ဒ လူ မျိုး တို့ ကို၊ ကွဲ လွင့် စေ သော ဦး ချို များ တည်း ဟု ပြန် ဆို လေ ၏။ Ver CapítuloJudson Bible19 ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အားလည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။ Ver Capítulo |
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
ထိုအခါ ငါကလည်း “ဤသူတို့သည် မည်သည့်အတွက် လာကြသနည်း”ဟု မေးလျှောက်လျှင် ကိုယ်တော်က “ဤချိုများသည် ယုဒလူမျိုးတစ်ယောက်မျှ ခေါင်းမဖော်ဝံ့အောင် ကွဲလွင့်စေသောချိုများ ဖြစ်၏။ ဤသူတို့မူကား ချိုထောင်၍ ယုဒလူမျိုးကိုကွဲလွင့်စေသောလူမျိုးခြားတို့ ကြောက်ရွံ့တုန်လှုပ်သွားအောင် သူတို့၏ချိုများကို ချိုးပစ်ရန် ရောက်လာခြင်းဖြစ်သည်”ဟု ပြန်ဖြေ၏။