ဇာခရိ 1:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် ထာဝရဘုရားက ‘ဂျေရုဆလင်မြို့ကို ငါပြန်လည်သနားစုံမက်မည်။ ထိုမြို့၌ ငါ့အိမ်တော်ကို ပြန်လည်တည်ဆောက်မည်’ဟု မိန့်တော်မူပြီ။ ‘ဂျေရုဆလင်မြို့ကိုလည်း တိုင်းတာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ Ver CapítuloCommon Language Bible16 ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။ Ver CapítuloGarrad Bible16 သို့ ဖြစ်၍၊ ငါ သည် ယေ ရု ရှ လင် မြို့ သို့ က ရု ဏာ တော် နှင့် ပြန် ကြွ လေ ပြီ။ ယေ ရု ရှ လင် မြို့၌ ငါ့ ဗိ မာန် တော် ကို တည် ဆောက် ရ မည့် ပြင်၊ မြို့ တည် ရင်း အ ရပ် ကို လည်း၊ ကြိုး ဆွဲ၍ တိုင်း တာ ကြ ဦး မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဟစ် ကြော် လော့။ Ver CapítuloJudson Bible16 ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ရာကိုလည်း တိုင်းထွာရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။