ဇာခရိ 1:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုသူတို့က မုရတုပင်တို့အလယ်၌ရပ်နေသော ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်တို့သည် ကမ္ဘာမြေပေါ်သို့သွား၍ လှည့်လည်ခဲ့ပြီ။ မြေတစ်ပြင်လုံး တိတ်ဆိတ်ငြိမ်သက်နေပါ၏”ဟု လျှောက်တင်ကြ၏။ Ver CapítuloCommon Language Bible11 မြင်းများကလည်း``အကျွန်ုပ်တို့သည်ကမ္ဘာတစ် ဝှမ်းလုံးသို့သွားရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာတစ်ခု လုံးပင်အားကိုးရာမဲ့ဖြစ်ကာနွံနာကျိုးနွံ နေပါသည်'' ဟုအစီရင်ခံကြ၏။ Ver CapítuloGarrad Bible11 နောက် ပါ တို့ က လည်း၊ အ ကျွန်ုပ် တို့ သည်၊ မြေ တစ် လျှောက် သွား လာ ရာ၊ တစ် ပြင် လုံး ငြိမ် ငြိမ် သက် သက် နေ သည် ကို တွေ့ ကြ ပါ သည် ဟု၊ ကျောက် ပန်း မြိုင် တွင် ရပ် နေ သော၊ ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် အား ပြန် လျှောက် ကြ သော်၊ Ver CapítuloJudson Bible11 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီးတစ်လျှောက်လုံးသည် အမှုမရှိ။ ငြိမ်ဝပ်လျက်ရှိပါ၏ဟု မုရတုတော၌ရပ်သော ထာဝရဘုရား၏ကောင်းကင်တမန်အား ပြန်လျှောက်ကြ၏။ Ver Capítulo |
ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။