ဆာလံ 98:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထာဝရဘုရားကို စောင်းတီး၍ သီဆိုချီးမွမ်းကြလော့။ စောင်းတီး၍ တေးသီချင်းသံဖြင့် သီဆိုချီးမွမ်းကြလော့။ Ver CapítuloCommon Language Bible5 ထောမနာသီချင်းကိုဆိုကာထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ စောင်းများကိုတီး၍ဂုဏ်တော်ကိုချီးမွမ်းကြလော့။ Ver CapítuloGarrad Bible5 စောင်း တီး၍ ထာ ဝ ရ ဘု ရား အား ကျူး ဧ ကြ လော့။ စောင်း တီး၍ ကျူး ဧ သော အ သံ နှင့် ဆို ကြ လော့။ Ver CapítuloJudson Bible5 စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့။ စောင်းတီး၍ တူရိယာသံကို ပြုကြလော့။ Ver Capítulo |
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။