ဆာလံ 98:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရားသည် မိမိ၏ကယ်တင်ခြင်းကို ထင်ရှားစေ၍ မိမိ၏ဖြောင့်မတ်ခြင်းကို လူမျိုးတကာတို့ရှေ့၌ ဖော်ပြတော်မူပြီ။ Ver CapítuloCommon Language Bible2 ထာဝရဘုရားသည်မိမိ၏အောင်ပွဲကို ကြေညာတော်မူ၍ ကယ်တင်နိုင်သောတန်ခိုးတော်ကို လူမျိုးတကာတို့အားဖော်ပြတော်မူ၏။ Ver CapítuloGarrad Bible2 ထာ ဝ ရ ဘု ရား သည်၊ ကယ် တင် တော် မူ ခြင်း ကို ထင် ရှား စေ၍၊ လူ မျိုး ခြား တို့ မျက် မှောက်၊ ဖြောင့် မတ် တော် မူ ခြင်း ကို ဖော် ပြ တော် မူ ပြီ။ Ver CapítuloJudson Bible2 ထာဝရဘုရားသည် ကယ်တင်တော်မူခြင်းကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တစ်ပါးအမျိုးသားတို့အား ဖော်ပြတော်မူပြီ။ Ver Capítulo |
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ငြိမ်းချမ်းခြင်းအကြောင်းပြောကြားသောသူ၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ကယ်တင်ခြင်းအကြောင်းပြောကြားသောသူ၊ “သင်၏ဘုရားသခင်သည် စိုးစံတော်မူ၏”ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေသည် တောင်ပေါ်တွင် အလွန်တင့်တယ်စွပါတကား။