ဆာလံ 97:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းမှုကို မုန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏စိတ်ဝိညာဉ်ကို စောင့်ရှောက်၍ သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။ Ver CapítuloCommon Language Bible10 ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။ Ver CapítuloGarrad Bible10 ထာ ဝ ရ ဘု ရား ကို ချစ် ခင် သူ တို့၊ အ ဆိုး ကို မုန်း ထား ကြ လော့။ ကိုယ် တော် သည် ကြည် ညို သူ တို့ အ သက် ကို စောင့် ထိန်း လျက်၊ လူ ဆိုး တို့ လက် မှ ကယ် လွှတ် တော် မူ ၏။ Ver CapítuloJudson Bible10 ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းသောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏သန့်ရှင်းသူတို့၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ၏။ Ver Capítulo |
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။