Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 89:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ငါ​သည် သူ​၏​လက်​ကို ပင်လယ်​ပေါ်တွင်​လည်းကောင်း​၊ သူ​၏​လက်ယာ​လက်​ကို မြစ်​တို့​အပေါ်​တွင်​လည်းကောင်း တည်​စေ​မည်​။

Ver Capítulo Copiar

Common Language Bible

25 ငါ​သည်​သူ​၏​တိုင်း​နိုင်​ငံ​ကို​မြေ​ထဲ​ပင်​လယ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​စေ​မည်။

Ver Capítulo Copiar

Garrad Bible

25 လက် ကို ပင် လယ် ပေါ် မှာလည်း ကောင်း၊ ညာ လက် ကို မြစ် များ ပေါ် မှာလည်း ကောင်း၊ ငါ တင် စေ မည်။

Ver Capítulo Copiar

Judson Bible

25 သူ၏​လက်​ကို​လည်း၊ ပင်​လယ်​ပေါ်​မှာ​လည်း​ကောင်း၊ သူ၏​လက်​ယာ​လက်​ကို မြစ်​များ​ပေါ်​မှာ​လည်း​ကောင်း ငါ​တင်၍​ထား​မည်။

Ver Capítulo Copiar




ဆာ​လံ 89:25
7 Referencias Cruzadas  

ရှောလမုန်​မင်းကြီး​သည် ယူဖရေးတီး​မြစ်​မှစ၍ ဖိလိတ္တိ​ပြည်​၊ အီဂျစ်​ပြည်​နယ်နိမိတ်​တိုင်အောင် တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်ချုပ်​ရ​၏​။ ထို​တိုင်းနိုင်ငံ​တို့​သည် ရှောလမုန်​မင်းကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လက်ဆောင်ပဏ္ဏာ​ဆက်သ​ရ​သော​လက်အောက်ခံ​နိုင်ငံ​များ ဖြစ်​ကြ​၏​။


ထို​အရပ်​၌ ဒါဝိဒ်​အတွက် ဦးချို​ကို ငါ​ပေါက်​စေ​မည်​။ ငါ​ဘိသိက်ပေး​ထား​သော​သူ​အတွက် မီးခွက်​ကို ငါ​ပြင်ဆင်​ပြီ​။


ငါ့​ထံမှ​တောင်း​လော့​။ တောင်း​လျှင် တိုင်းနိုင်ငံ​တို့​ကို သင်​၏​အမွေ​အဖြစ် ငါ​ပေး​၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် သင်​၏​ပိုင်ဆိုင်​ရာ​ဖြစ်စေ​မည်​။


မိမိ​၏​အခက်အလက်​တို့​ကို ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ မိမိ​၏​အညွန့်​တို့​ကို မြစ်ကြီး​တိုင်အောင်​လည်းကောင်း ဖြာထွက်​စေ​ပါ​၏​။


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။


ထာဝရဘုရား​ကို ဆန့်ကျင်​ဖက်ပြိုင်​သော​သူ​တို့​သည် ကျိုးပဲ့ကြေမွ​ရ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​အပေါ် ကောင်းကင်​မှ​မိုးကြိုး ကျ​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် စစ်ကြောစီရင်​တော်မူ​မည်​။ မိမိ​ရှင်ဘုရင်​အား အစွမ်းသတ္တိ​ကို​ပေး​တော်မူ​မည်​။ မိမိ​ဘိသိက်ပေး​ထား​သော​သူ​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​”​ဟု ချီးမွမ်း​ဆုတောင်း​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos