ဆာလံ 88:5 - မြန်မာ့စံမီသမ္မာကျမ်း5 သတ်ဖြတ်ခြင်းခံရပြီး သင်္ချိုင်းတွင်း၌ လဲလျောင်းနေကြသူများတည်းဟူသော နောက်တစ်ဖန် ကိုယ်တော်၏အောက်မေ့ခြင်းကို မခံရဘဲ လက်တော်၏မစခြင်းမှ အဆက်ပြတ်နေသောသူများကဲ့သို့ သေသောသူတို့အလယ်တွင် ပစ်ထားခြင်းခံရပါ၏။ Ver CapítuloCommon Language Bible5 ကျွန်တော်မျိုးသည်သူသေကဲ့သို့ဖြစ်ပါ၏။ အသတ်ခံရ၍သင်္ချိုင်းတွင်းထဲသို့ရောက်ရှိနေသည့် သူသေကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်လုံးဝသတိမရသောသူ၊ကိုယ်တော် မစရန် မဖြစ်နိုင်သောသူကဲ့သို့ဖြစ်ပါ၏။ Ver CapítuloJudson Bible5 လူသေတို့တွင် ပစ်ထားသောသူ၊ ကွပ်မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ၊ လက်တော်၏ မစခြင်းနှင့်ကွာဝေးသောသူကဲ့သို့ ဖြစ်ပါ၏။ Ver Capítulo |