Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 88:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ကိုယ်တော်​သည် သေလွန်​သော​သူ​တို့​အတွက် အံ့ဖွယ်​သော​အမှု​တို့​ကို ပြု​တော်မူ​ပါ​သလော​။ သေသူ၏ဝိညာဉ်​များ​သည် ထ​၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​သလော​။(​စေလာ)

Ver Capítulo Copiar

Common Language Bible

10 ကိုယ်​တော်​ရှင်​သည်​သူ​သေ​တို့​အ​တွက်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ပါ​သ​လော။ သူ​တို့​သည်​သေ​ရာ​မှ​ထ​၍​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​သ​လော။

Ver Capítulo Copiar

Garrad Bible

10 လူ သေ တို့ အား အံ့ ဖွယ် ရာ များ ကို ပြု တော် မူ မည် လော။ သေ လွန် သူ တို့ ရပ် တန့်၍ ကျေး ဇူး တော် ကို ချီး မွမ်း ကြ ပါ မည် လော။

Ver Capítulo Copiar

Judson Bible

10 သေ​လျက်​နေ​သော​သူ​တို့​အား အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​တော်​မူ​မည်​လော။ သင်္ချိုင်း​သား​တို့​သည် ထ၍ ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​မည်​လော။

Ver Capítulo Copiar




ဆာ​လံ 88:10
13 Referencias Cruzadas  

သေလွန်​သော​သူ​၊ ဆိတ်ငြိမ်​ရာ​အရပ်​ထဲသို့ ဆင်းသွား​သော​သူ​တစ်စုံတစ်ဦး​မျှ ထာဝရဘုရား​ကို မ​ချီးမွမ်း​ကြ​ပေ​။


ငါ​မ​သေ​ရ​သေး​ဘဲ အသက်ရှင်​လျက် ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ဦး​မည်​။


အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ အကျွန်ုပ်​လက်​ကို​ဆန့်​ပါ​၏​။ မွတ်သိပ်​သော​မြေ​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။(​စေလာ)


အကျွန်ုပ်​သေဆုံး​ခြင်း​အားဖြင့်​၊ သေတွင်း​သို့​အကျွန်ုပ်​ဆင်းသွား​ခြင်း​အားဖြင့် မည်သည့်​အကျိုး​ရှိ​ပါ​မည်နည်း​။ မြေမှုန့်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်လော​။ ကိုယ်တော်​၏​သမ္မာတရား​ကို ပြောကြား​ပါ​မည်လော​။


အကြောင်းမူကား သေလွန်သူ​တို့​အလယ်​တွင် ကိုယ်တော်​ကို​အောက်မေ့​ခြင်း​မ​ရှိ​ပါ​။ မရဏာနိုင်ငံ​တွင် ကိုယ်တော်​ကို​မည်သူ​ချီးမွမ်း​ပါ​မည်နည်း​။


အို ဘုရားရှင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​ခေါ်​ပါ​၏​။


ကိုယ်တော်​၌ သေဆုံး​သော​သူ​တို့​သည် ပြန်ရှင်​ကြ​မည်​။ ငါ​နှင့်​သက်ဆိုင်သော​အသေကောင်​သည် ထမြောက်​မည်​။ မြေမှုန့်သား​တို့​၊ နိုး​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​နှင်း​သည် နံနက်ခင်း​နှင်း​ကဲ့သို့​ဖြစ်​၏​။ မြေကြီး​သည် သေသူ၏ဝိညာဉ်​ကို မွေးဖွား​စေ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos