ဆာလံ 86:5 - မြန်မာ့စံမီသမ္မာကျမ်း
5 အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
Ver Capítulo Copiar
5 ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
Ver Capítulo Copiar
5 အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် မွန် မြတ် လျက်၊ ချမ်း သာ ပေး လျက်၊ ကိုယ် တော့် ပ ဌ နာ ပြု သူ ရှိ သ မျှ တို့ အား၊ က ရု ဏာ တော် ကြွယ် ဝ ပါ ၏။
Ver Capítulo Copiar
5 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သောသဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပတ္ထနာပြုသောသူအပေါင်းတို့အား ကရုဏာတော် ကြွယ်ဝပါ၏။
Ver Capítulo Copiar