ဆာလံ 86:14 - မြန်မာ့စံမီသမ္မာကျမ်း14 အို ဘုရားသခင်၊ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ထကြွကြပါ၏။ ကြမ်းကြုတ်သောလူတစ်စုသည်လည်း အကျွန်ုပ်၏အသက်ကို ရန်ရှာကြပါ၏။ သူတို့သည် ကိုယ်တော်ကို ဦးထိပ်ထားခြင်းမရှိကြပါ။ Ver CapítuloCommon Language Bible14 အို ဘုရားသခင်၊ မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်လျက်နေကြပါ၏။ ရက်စက်ကြမ်းကြုတ်သူလူတစ်စုသည် ကျွန်တော်မျိုးကို သတ်ရန်ကြိုးစားလျက်နေကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားပမာဏမပြုကြပါ။ Ver CapítuloGarrad Bible14 အို ဘု ရား သ ခင်၊ ကိုယ် တော် ကို မျက် မှောက် မ ပြု ဘဲ၊ မာ န ကြီး သူ တို့ သည်၊ အ ကျွန်ုပ် တစ် ဘက်၌ ထ ကြွ၍၊ ကြမ်း ကြုတ် သော အ သင်း အ ပင်း တို့ သည်၊ အ သက် အ န္တ ရာယ် ကို ရှာ ကြံ ကြ ပါ ၏။ Ver CapítuloJudson Bible14 အို ဘုရားသခင်၊ မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြ၍၊ ကြမ်းတမ်းသော လူအစုအဝေးတို့သည် ကိုယ်တော်ကိုမျက်မှောက်မပြုဘဲ၊ အကျွန်ုပ်အသက်ကို ရှာကြပါ၏။ Ver Capítulo |
တစ်ဖန် ငါ့အား “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သက်ကြီးဝါကြီးတို့သည် အမှောင်ထဲတွင် မည်သို့ပြုနေကြသည်ကို သင်မြင်ပြီမဟုတ်လော။ ‘ထာဝရဘုရားသည် ပြည်တော်ကို စွန့်တော်မူပြီဖြစ်၍ ငါတို့ကို မြင်တော်မမူ’ဟု ဆိုလျက် အခန်းထဲတွင် ကိုယ်စီမိမိရုပ်တုဖြင့် ဖောက်ပြန်နေကြပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။