ဆာလံ 78:20 - မြန်မာ့စံမီသမ္မာကျမ်း20 ကျောက်ဆောင်ကိုရိုက်သောအခါ ရေများစီးထွက်လာပါ၏။ စမ်းချောင်းများစီးဆင်းပါ၏။ သို့သော် မုန့်ကိုကား ပေးနိုင်ပါမည်လော။ မိမိလူမျိုးတော်အတွက် အသားကို ပြင်ဆင်ပေးနိုင်ပါမည်လော”ဟု ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုကြ၏။ Ver CapítuloCommon Language Bible20 ကျောက်ဆောင်ကိုကိုယ်တော်ရိုက်လိုက်သော အခါ အရှိန်ပြင်းသည့်ချောင်းသဖွယ်ရေထွက်လာ သည်မှာ မှန်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ငါတို့အားအစားအစာကို ကျွေးနိုင်ပါမည်လော။ မိမိ၏လူစုတော်အားအမဲသားကိုပေးနိုင် ပါမည်လော'' ဟုဆို၍ ဘုရားသခင်အားမကျေနပ်သည့်စကားကို ပြောဆိုကြ၏။ Ver CapítuloGarrad Bible20 ကျောက် တောင် ကို ရိုက် တော် မူ သ ဖြင့်၊ မြစ် ရေ ကဲ့ သို့ ရေ ထွက် စီး သည် မှန် သော် လည်း၊ လူ မျိုး တော် အ ဖို့ ဟင်း လျာ ကို စီ မံ၍၊ ထမင်း ကို ပေး နိုင် သေး သ လော ဟု၊ ဘု ရား သ ခင် အား တော် လှန် ပြော ဆို ကြ ၏။ Ver CapítuloJudson Bible20 ကြည့်ကြလော့။ ကျောက်ကိုရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်း ပေးနိုင်သလော။ မိမိလူတို့အဖို့ အမဲသားကို ပြင်ဆင်နိုင်သလောဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။ Ver Capítulo |
သင်သည် လူတို့အား ‘သင်တို့က ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ အီဂျစ်ပြည်၌ ငါတို့ကောင်းစားခဲ့ကြ၏ဟု ဆိုလျက် ထာဝရဘုရားကြားအောင် ငိုကြွေးကြသောကြောင့် ထာဝရဘုရားသည် သင်တို့အား အသားကို ပေးတော်မူမည်ဖြစ်၍ သင်တို့သည် အသားကို စားရလိမ့်မည်။ သို့ဖြစ်၍ မနက်ဖြန်အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေကြလော့။