ဆာလံ 76:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထိုအရပ်တွင် ကိုယ်တော်သည် မီးတောက်နေသောမြား၊ ဒိုင်းလွှား၊ ဓားနှင့်စစ်လက်နက်တို့ကို ချိုးဖျက်တော်မူပြီ။(စေလာ) Ver CapítuloCommon Language Bible3 ထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏ မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။ Ver CapítuloGarrad Bible3 ထို အ ရပ်၌၊ လေး မြှား၊ ဒိုင်း လွှား၊ ဓား လွယ် နှင့် စစ် လက် နက် များ ကို ချိုး ဖျက် တော် မူ ပြီ။ Ver CapítuloJudson Bible3 ထိုအရပ်၌ လေးမြား၊ ဒိုင်းလွှား၊ ဓားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။ Ver Capítulo |
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။