ဆာလံ 74:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဖိနှိပ်ချုပ်ချယ်ခြင်းခံရသောသူသည် အသရေပျက်၍ ပြန်လှည့်လာရခြင်း မရှိပါစေနှင့်။ အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူသည် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြပါစေသော။ Ver CapítuloCommon Language Bible21 ဖိစီးနှိပ်စက်ခြင်းခံရသူတို့အားအရှက်ကွဲ စေတော်မမူပါနှင့်။ ယင်းဆင်းရဲသူများသည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ Ver CapítuloGarrad Bible21 နှိပ် စက် ခံ ရ သူ တို့ သည် အ ရှက် ကွဲ လျက် မ ပြန် ရ စေ ဘဲ၊ နာ မ တော် ကို ထို ဆင်း ရဲ နွမ်း ပါး သူ တို့ ချီး မွမ်း ရ ကြ ပါ စေ သော။ Ver CapítuloJudson Bible21 နှိပ်စက်ခြင်းကိုခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။ Ver Capítulo |
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။