Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 72:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​မင်း​သည် ရိတ်​ထား​သော​မြက်ခင်း​ပေါ်တွင် ရွာသွန်း​သည့် မိုး​ကဲ့သို့​လည်းကောင်း​၊ မြေကြီး​ကို​စိုစွတ်​စေ​သည့် မိုးစက်​မိုးပေါက်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေသော​။

Ver Capítulo Copiar

Common Language Bible

6 မင်း​ကြီး​သည်​လယ်​ယာ​များ​အ​ပေါ်​သို့ ရွာ​ချ​သည့် မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ပြင်​ပေါ်​သို့​ကျ​ရောက်​လာ​သည့်​မိုး​ပေါက် များ ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​စေ​သော။

Ver Capítulo Copiar

Garrad Bible

6 ယာ ခင်း ပေါ် မှာ ရွာ သော မိုး ကဲ့ သို့ လည်း ကောင်း၊ မြေ ကို စို စွတ် သော မိုး ကောင်း ကဲ့ သို့ လည်း ကောင်း၊ သက် ရောက် ပါ စေ သော။

Ver Capítulo Copiar

Judson Bible

6 ထို​မင်း၏​သက်​ရောက်​ခြင်း​သည် ရိတ်​သော မြက်​ပင်​ပေါ်​မှာ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ကို စို​စေ​သော မိုး​ပေါက်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

Ver Capítulo Copiar




ဆာ​လံ 72:6
11 Referencias Cruzadas  

နံနက်အချိန်​ထွက်​သော​နေ​အလင်း​၊ မြေ​ပေါ်​မြက်နု​ပေါက်​စေ​ဖို့ မိုးရွာ​ပြီးမှ မိုးသားကင်းစင်​သွား​သော​နံနက်ခင်း​အလင်း​နှင့် တူ​၏​’​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် ထို​မြေ​ပေါ်မှ​ထွန်ကြောင်း​တို့​ကို စိုစွတ်​စေ​၍ ထယ်စာ​တို့​ကို ညီညာ​စေ​တော်မူ​၏​။ ရွာသွန်း​သော​မိုး​အားဖြင့် ထို​မြေ​ကို​ပျော့ပျောင်း​စေ​၍ ၎င်း​၌​ပေါက်​သော​အပင်​ကို ကောင်းချီးပေး​တော်မူ​၏​။


ရှင်ဘုရင်​၏​မျက်နှာ​တော်​ကြည်လင်​တောက်ပ​ရာ​၌ အသက်ရှင်​ခြင်း​ရှိ​၏​။ သူ​၏​ကျေးဇူး​ပြု​ခြင်း​သည် နွေဦးမိုး​ကို​ရွာ​စေ​သည့် တိမ်တိုက်​ကဲ့သို့​ဖြစ်​၏​။


ရှင်ဘုရင်​၏​အမျက်ဒေါသ​သည် ခြင်္သေ့ပျို​ဟောက်​သကဲ့သို့​ဖြစ်​၏​။ သူ​၏​ကျေးဇူး​ပြု​ခြင်း​မူကား မြက်ပင်​ပေါ်မှ​နှင်းစက်​ကဲ့သို့​ဖြစ်​၏​။


ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။


ထာဝရဘုရား​အား သိကျွမ်း​ဖို့ ကြိုးစားအားထုတ်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် အရုဏ်ဦး​အလင်း​ကဲ့သို့ ထွက်ပေါ်​လာ​မည်​။ မြေ​ပေါ်သို့​ရွာချ​သော မိုးဦး​၊ မိုးနှောင်း​ကဲ့သို့ ရောက်လာ​မည်​။


သူ​တို့​သည် အဆီးရီးယား​ပြည်​ကို ဓား​ဖြင့်​စောင့်ကြပ်​လိမ့်မည်​။ နိမ်ရောဒ​ပြည်​အဝင်ဝ​တို့​၌​လည်း စောင့်ကြပ်​လိမ့်မည်​။ အဆီးရီးယား​လူမျိုး​တို့​သည် ငါ​တို့​ပြည်​သို့​လာ​၍ ငါ​တို့​နယ်နိမိတ်​ထဲသို့ ကျူးကျော်​ဝင်ရောက်​သောအခါ သူ​တို့​သည် ငါ​တို့​ကို အဆီးရီးယား​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။


ငါ့​သွန်သင်ချက်​သည် မိုးစက်​လေး​လို​တစက်စက်ကျ​ပါစေ​။ ငါ့​စကား​သည် နှင်းစက်​လေး​လို တဖွဲဖွဲ​ကျ​ပါစေ​။ မြက်နု​ပေါ်​ကျ​သော​မိုးဖွဲ​လေး​များ​လို​၊ မြက်ပင်​ပေါ်​ကျ​သော​မိုးပေါက်​လေး​များ​လို ဖြစ်​ပါစေ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos