Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 71:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်​ကို စောင့်ကြည့်​နေ​သော​သူ​တို့​သည်​လည်း အတူတကွ​လျှို့ဝှက်ကြံစည်​ကြ​လျက်

Ver Capítulo Copiar

Common Language Bible

10 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ကျွန်​တော် မျိုး​အား သတ်​လို​ကြ​သ​ဖြင့်​ဆွေး​နွေး​ကြံ​စည်​ကြ ပါ​၏။

Ver Capítulo Copiar

Garrad Bible

10-11 ရန် သူ တို့ သည်၊ အ ကျွန်ုပ် ကို ရည် လျက်၊ အ သက် ကို ချောင်း မြောင်း သူ တို့ လည်း၊ တိုင် ပင် လျက်၊ ဘု ရား သ ခင် စွန့် တော် မူ ပြီ။ လွတ် မြောက် ခွင့် မဲ့ သော ထို သူ့ ကို၊ လိုက် လံ ဖမ်း ဆီး ကြ ကုန် အံ့ ဟု ပြော ဆို ကြ ပါ ၏။

Ver Capítulo Copiar

Judson Bible

10 ရန်​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ပြော​ဆို​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို ချောင်း​ကြည့်​သော​သူ​တို့​က၊

Ver Capítulo Copiar




ဆာ​လံ 71:10
13 Referencias Cruzadas  

သူ​သည် ပုန်းအောင်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ကွယ်​ရာ​မှ ချောင်းမြောင်း​နေ​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​ကို​ဖမ်းဆီး​ရန် ချောင်းမြောင်း​နေ​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​ကို သူ​၏​ပိုက်ကွန်​ထဲသို့​ဆွဲယူ​ဖမ်းဆီး​တတ်​၏​။


အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​များ​နှင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဆန့်ကျင်​လျက် မကောင်း​ပြောဆို​သော​သူ​များ​သည် ထိုသို့သော​အကျိုး​ကို ထာဝရဘုရား​ထံ​မှ ခံ​ကြ​ရ​ပါစေ​။


ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက်


အကြောင်းမူကား “​ပတ်လည်​၌​ကြောက်လန့်စရာ​ရှိ​၏​”​ဟူသည့် များစွာ​သော​သူ​တို့​၏​ရှုတ်ချသောစကား​ကို အကျွန်ုပ်​ကြား​ရ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​တစ်ဖက်​၌ အတူတကွ​စုဝေး​ကြ​သောအခါ အကျွန်ုပ်​၏​အသက်​ကို​သတ်​ရန် ကြံဆ​ကြ​ပါ​၏​။


သူ​တို့​သည် ငါ့​အသက်​ကို​သတ်​ရန် စောင့်မျှော်​နေ​ကြ​သည်​နှင့်အညီ ပူးပေါင်းကြံစည်​လျက်​၊ ချောင်းမြောင်း​လျက် ငါ​၏​ခြေလှမ်း​များ​ကို​စောင့်ကြည့်​ကြ​၏​။


သူ​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​အပေါ် ဉာဏ်နီဉာဏ်နက်​ထုတ်​၍ ကိုယ်တော်​ကာကွယ်​ထား​သော​သူ​တို့​အပေါ် လျှို့ဝှက်ကြံစည်​ကြ​ပါ​၏​။


အကယ်၍ သူ​တို့​က “​ငါ​တို့​နှင့်အတူ​လိုက်​ခဲ့​လော့​။ တစ်စုံတစ်ယောက်​ကို​သတ်ဖြတ်​ရန် ငါ​တို့​ချောင်းမြောင်း​ကြ​စို့​။ အကြောင်းမရှိ​ဘဲ အပြစ်ကင်း​သော​သူ​ကို ပုန်းအောင်း​တိုက်ခိုက်​ကြ​စို့​။


အကြောင်းမူကား လူ​အများ​တို့​က “​ပတ်ပတ်လည်​၌ ကြောက်လန့်စရာ​ရှိ​၏​။ သတင်းပို့​ကြ​စို့​။ ငါ​တို့​သတင်းပို့​ကြ​စို့​”​ဟူ၍ တီးတိုးပြောသံ​ကို​သာ ငါ​ကြား​ရ​၏​။ အကျွန်ုပ်​၏​မိတ်ဆွေရင်းချာ​အပေါင်း​တို့​လည်း အကျွန်ုပ်​ပြိုလဲ​သည်​ကို စောင့်ကြည့်​၍ “​သူ့​ကို လှည့်စား​၍ ရ​ကောင်း​ရ​နိုင်​လိမ့်မည်​။ သူ့​ကို အနိုင်ယူ​မည်​။ လက်တုံ့ပြန်​မည်​”​ဟု ဆို​ကြ​၏​။


မိုးလင်း​ချိန်​ရောက်​သောအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။


ရှောလု​မင်းကြီး​သည် နံနက်​ရောက်​လျှင် ဒါဝိဒ်​ကို​သတ်​ရန် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​၏​အိမ်​ကို စောင့်ကြည့်​စေ​၏​။ ထိုအခါ ဒါဝိဒ်​၏​မယား​မိခါလ​က “​ယခု​ည​တွင် သင်​အသက်လွတ်​အောင်​မ​ပြေး​လျှင် မနက်ဖြန်​တွင် သင်​အသတ်​ခံရ​လိမ့်မည်​”​ဟု ပြော​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos