ဆာလံ 69:6 - မြန်မာ့စံမီသမ္မာကျမ်း6 ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ ကိုယ်တော်ကိုစောင့်မျှော်သောသူတို့သည် အကျွန်ုပ်ကြောင့် အရှက်မကွဲကြရပါစေနှင့်။ အို အစ္စရေးလူမျိုး၏ဘုရားသခင်၊ ကိုယ်တော်ကိုရှာသောသူတို့သည် အကျွန်ုပ်ကြောင့် အသရေမပျက်ကြရပါစေနှင့်။ Ver CapítuloCommon Language Bible6 အနန္တတန်ခိုးရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားယုံကြည်ကိုးစားသူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့်အရှက်မကွဲ ကြရပါစေနှင့်။ အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ကိုယ်တော်ရှင်အားဝတ်ပြုကိုးကွယ်သူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့် ဂုဏ်အသရေမပျက်ရကြပါစေနှင့်။ Ver CapítuloGarrad Bible6 ဗိုလ် ခြေ တို့ အ ရှင် ဘု ရား သ ခင်၊ ကိုယ် တော် ကို စောင့် မျှော် သူ တို့ သည်၊ အ ကျွန်ုပ် အ တွက် ကြောင့် အ ရှက် မ ကွဲ ကြ ပါ စေ နှင့်။ အို ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင်၊ ကိုယ် တော် ကို ရှာ ဖွေ သူ တို့ သည်၊ အ ကျွန်ုပ် အ တွက် ကြောင့် အ သ ရေ မ ပျက် ကြ ပါ စေ နှင့်။ Ver CapítuloJudson Bible6 ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မျှော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကိုယ်တော်ကို ရှာသောသူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့်။ Ver Capítulo |
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။