ဆာလံ 68:7 - မြန်မာ့စံမီသမ္မာကျမ်း7 အို ဘုရားသခင်၊ ကိုယ်တော်သည် မိမိလူမျိုးတော်၏ရှေ့မှကြွပြီး ကန္တာရမြေကိုကျော်ဖြတ်ချီတက်တော်မူသောအခါ(စေလာ) Ver CapítuloCommon Language Bible7 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား လမ်းပြပို့ဆောင်ကာတောကန္တာရကိုဖြတ်၍ ချီတက်တော်မူသောအခါ၌ Ver CapítuloGarrad Bible7 အို ဘု ရား သ ခင်၊ လူ မျိုး တော် ကို ဦး တည် လျက်၊ သဲ က န္တာ ရ၌ ချီ ကြွ တော် မူ သော အ ခါ၊ Ver CapítuloJudson Bible7 အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာကြွ၍၊ တော၌ချီတော်မူသောအခါ၊ Ver Capítulo |
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။