ဆာလံ 68:31 - မြန်မာ့စံမီသမ္မာကျမ်း31 သံတမန်တို့သည် အီဂျစ်ပြည်မှရောက်လာကြလိမ့်မည်။ အီသီယိုးပီးယားပြည်သည် ဘုရားသခင်ထံသို့ မိမိလက်ကိုဆန့်လိမ့်မည်။ Ver CapítuloCommon Language Bible31 အီဂျစ်ပြည်မှသံတမန်များသည်အထံ တော်သို့ လာကြပါလိမ့်မည်။ ဆူဒန်ပြည်သားတို့သည်လက်အုပ်ချီ၍ ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါလိမ့်မည်။ Ver CapítuloGarrad Bible31 အိ ဂျစ် မှူး မတ် တို့ တိုး ဝင် လျက်၊ ကု ရှ ပြည် သည်၊ ဘု ရား သ ခင့် ထံ လက် အုပ် ချီ ရ လိမ့် မည်။ Ver CapítuloJudson Bible31 အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံတော်သို့ အလျင်အမြန် ဆန့်ရပါစေသော။ Ver Capítulo |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။