ဆာလံ 68:13 - မြန်မာ့စံမီသမ္မာကျမ်း13 သင်တို့သည် သိုးခြံထဲ၌အိပ်ကြရလျှင်ပင် ငွေဖြင့်ဖုံးအုပ်ထားသောချိုးငှက်၏ တောင်ပံများကဲ့သို့လည်းကောင်း၊ ရွှေဖြင့်တောက်ပလျက်ရှိသော ထိုငှက်၏အမွေးအတောင်များကဲ့သို့လည်းကောင်း ဖြစ်ကြ၏။” Ver CapítuloCommon Language Bible13 ယင်းပစ္စည်းများမှာရွှေရောင်ပြောင်လက်သော အမွေးအတောင်များရှိသည့် ငွေဖြင့်ဖုံးအုပ်သောချိုးငှက်ရုပ်များဖြစ်သည်။ (သင်တို့အချို့သည်စစ်ပွဲဝင်သောနေ့တွင် အဘယ်ကြောင့်သိုးခြံများ၌နေခဲ့သနည်း။) Ver CapítuloGarrad Bible13 သိုး ခြံ များ ရှိ ရာ တွင် ဝပ် နေ မည် လော။ ပျံ ဝဲ သော ချိုး ငှက် သည် ငွေ ရောင်၊ အ တောင် များ ရွှေ ရောင် ပြောင် လက် သော် လည်း၊ Ver CapítuloJudson Bible13 သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့လည်းကောင်း၊ နီသောရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့လည်းကောင်း၊ ဖြစ်ကြလိမ့်မည်။ Ver Capítulo |
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။