ဆာလံ 63:11 - မြန်မာ့စံမီသမ္မာကျမ်း11 သို့သော် ရှင်ဘုရင်သည် ဘုရားသခင်၌ဝမ်းမြောက်လိမ့်မည်။ ကိုယ်တော်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ချီးမွမ်းကြလိမ့်မည်။ မုသားပြောဆိုသောသူတို့၏နှုတ်မူကား အပိတ်ခံရလိမ့်မည်။ Ver CapítuloCommon Language Bible11 ဘုရားသခင်သည်မင်းကြီးအားအောင်ပွဲ ပေးတော်မူသဖြင့် မင်းကြီးသည်ဝမ်းမြောက်ပါလိမ့်မည်။ ထာဝရဘုရား၏နာမတော်အားဖြင့် သစ္စာကတိပြုသူအပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြလိမ့်မည်။ သို့ရာတွင်မုသားကိုသုံးသောသူတို့၏ နှုတ်များမူကားပိတ်လျက်နေရလိမ့်မည်။ Ver CapítuloGarrad Bible11 ဘု ရင် မင်း သည်၊ ဘု ရား သ ခင် ကြောင့် ရွှင် လန်း ခွင့်၊ သ စ္စာ တော် ခံ သူ အ ပေါင်း တို့ လည်း၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် မည်။ မု သာ သုံး သူ တို့ နှုတ် မှာ မူ၊ ပိတ် လျက် နေ ရ ကြ လ တ္တံ့။ Ver CapítuloJudson Bible11 ရှင်ဘုရင်မူကား၊ ဘုရားသခင်၌ ဝမ်းမြောက်လိမ့်မည်။ ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ မုသားစကားကို ပြောသောသူတို့၏နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည်။ Ver Capítulo |
မြေကြီးပေါ်၌ မိမိကိုယ်မိမိ ကောင်းချီးပေးသောသူသည် သစ္စာရှိသောဘုရားသခင်ကိုအမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်၌ကျိန်ဆိုသောသူသည်လည်း သစ္စာရှိသောဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကယ်စင်စစ် ယခင်ဆင်းရဲဒုက္ခတို့ကို ငါမေ့လျော့ပြီ။ ငါ့မျက်မှောက်မှ ကွယ်ပျောက်ပြီ။