ဆာလံ 53:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် ကြောက်ရွံ့စရာမရှိဘဲ အလွန်ကြောက်ရွံ့ကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သင့်တစ်ဖက်၌ တပ်ချထားသောသူတို့၏အရိုးများကို ပြန့်ကျဲစေတော်မူ၏။ ဘုရားသခင်သည် သူတို့ကိုစွန့်ပယ်တော်မူသောကြောင့် သင်သည် သူတို့ကိုအရှက်ကွဲစေလိမ့်မည်။ Ver CapítuloCommon Language Bible5 သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။ Ver CapítuloGarrad Bible5 သင့် တစ် ဘက်၌ တပ် စွဲ သူ တို့ အ ရိုး များ ကို၊ ဘု ရား သ ခင် ကွဲ လွင့် စေ တော် မူ သော ကြောင့်၊ ကြောက် ရွံ့ ဖွယ် မ ရှိ ရာ တွင်၊ အ လွန် ကြောက် ရွံ့ လျက် ရှိ နေ ကြ၏။ ဘု ရား သ ခင် ငြင်း ပယ် တော် မူ သော ကြောင့်၊ ထို သူ တို့ ကို သင် အ ရှက် ခွဲ ရ လေ ပြီ။ Ver CapítuloJudson Bible5 သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်းရံ၍ တပ်ချသောသူ၏အရိုးတို့ကို ဘုရားသခင်သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရားသခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကိုအရှက်ခွဲရလိမ့်မည်။ Ver Capítulo |
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။