ဆာလံ 51:18 - မြန်မာ့စံမီသမ္မာကျမ်း18 ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဇိအုန်ကိုကောင်းစားစေတော်မူပါ။ ဂျေရုဆလင်မြို့ရိုးတို့ကို တည်ဆောက်တော်မူပါ။ Ver CapítuloCommon Language Bible18 အို ဘုရားသခင်၊ ဇိအုန်တောင်ကိုသနားတော်မူ၍ကူမတော် မူပါ။ ယေရုရှလင်မြို့ရိုးတို့ကိုပြန်လည် တည်ဆောက်တော်မူပါ။ Ver CapítuloGarrad Bible18 စိတ် စေ တ နာ တော် နှင့် ဇိ အုန် မြို့ ကို ကျေး ဇူး ပြု လျက်၊ ယေ ရု ရှ လင် မြို့ ရိုး များ ကို တည် တော် မူ ပါ။ Ver CapítuloJudson Bible18 စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ။ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။ Ver Capítulo |
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။