Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 50:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သင်​သည် သူခိုး​နှင့်​တွေ့​သောအခါ သူ့​ကို​လက်ခံ​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​တို့​နှင့်​လည်း ပေါင်းသင်း​ဆက်ဆံ​၏​။

Ver Capítulo Copiar

Common Language Bible

18 သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။

Ver Capítulo Copiar

Garrad Bible

18 သင် သည် သူ ခိုး ကို မြင် သော်၊ သက် ဝင် လျက်၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ တို့ နှင့် ဆက် ဆံ တတ် ၏။

Ver Capítulo Copiar

Judson Bible

18 သင်​သည် သူ​ခိုး​ကို​မြင်​လျှင်၊ သူ​နှင့် သ​ဘော​တူ​တတ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​တို့​နှင့် ဆက်​ဆံ​တတ်၏။

Ver Capítulo Copiar




ဆာ​လံ 50:18
14 Referencias Cruzadas  

ထိုအခါ ယောနဒပ်​က သူ့​အား “​သင်​နေမကောင်း​ယောင်ဆောင်​ပြီး အိပ်ရာ​ထဲ​လှဲ​နေ​လိုက်​ပါ​။ သင့်​ခမည်းတော် သင့်​ကို​လာကြည့်​လျှင် ‘​အကျွန်ုပ်​ကို ပြုစုကျွေးမွေး​ဖို့ အကျွန်ုပ်​၏​နှမ​တာမာ​ကို လွှတ်ပေး​ပါ​။ အကျွန်ုပ်​ရှေ့​တွင် အစားအစာ​ပြင်ဆင်​ပေး​သည်​ကို ကြည့်​ပြီး သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို စား​လို​ပါ​၏’​ဟူ၍ လျှောက်​လော့”​ဟု အကြံပေး​လေ​၏​။


ထို​သူ​တို့​သည် တံစိုးလက်ဆောင်​ကြောင့် ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​စီရင်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​ကို ဖယ်ရှား​တတ်​ကြ​၏​။


တစ်စုံတစ်ယောက်​သည် သူတစ်ပါး​၏​မယား​နှင့်​ဖြစ်စေ​၊ မိမိ​အိမ်နီးချင်း​၏​မယား​နှင့်​ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​ကျူးလွန်​လျှင် အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​ကျူးလွန်​သော​ထို​ယောက်ျား​နှင့် ထို​မိန်းမ​သည် မုချ​အသတ်​ခံရ​မည်​။


သူ​တို့​၏​လက်​နှစ်ဖက်စလုံး​သည် မကောင်းမှု​၌ ကျင်လည်​တတ်​ကြ​၏​။ အကြီးအကဲ​များ​၊ တရားသူကြီး​များ​သည် တံစိုးလက်ဆောင်​ကို တောင်းဆို​တတ်​ကြ​၏​။ မင်းအရာရှိ​တို့​သည်​လည်း မိမိ​တို့​စိတ်​အလိုရမ္မက်​ကို​သာ ဖော်ပြ​တတ်​ကြ​၏​။ ထို​သူ​တို့​သည် တစ်ကျိတ်တည်း​တစ်ဉာဏ်တည်း ဖြစ်​ကြ​၏​။


‘ငါ​တို့​သည် ငါ​တို့​၏​ဘိုးဘေး​များ​လက်ထက်​၌​ရှိ​ခဲ့​လျှင် ပရောဖက်​တို့​ကို သတ်ဖြတ်​သော​သူ​တို့​၏​အပေါင်းအဖော်​ဖြစ်​ကြ​မည်​မ​ဟုတ်’​ဟု ပြော​ကြ​၏။


ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။


မည်သူ့​အပေါ်၌​မျှ လက်တင်​ခြင်း​အမှု​ကို အလျင်စလို​မ​ပြု​နှင့်။ အခြား​သူ​တို့​၏​အပြစ်​၌​လည်း ပါဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်ကိုယ်သင် ဖြူစင်​သန့်ရှင်း​အောင်​စောင့်ထိန်း​လော့။


မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos