Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 5:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အို ထာဝရဘုရား​၊ နံနက်အချိန်​၌ အကျွန်ုပ်​၏​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။ နံနက်အချိန်​၌ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် တိုးလျှိုး​အသနားခံ​၍ စောင့်​လျက်​နေ​ပါ​မည်​။

Ver Capítulo Copiar

Common Language Bible

3 ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။ နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။

Ver Capítulo Copiar

Garrad Bible

3 အို ထာ ဝ ရ ဘု ရား၊ နံ နက် ယံ ၌ အ ကျွန်ုပ် တောင်း လျှောက် သံ ကို ကြား ရ တော် မူ လိမ့် မည်။ နံ နက် ယံ၌ ပ ဌ နာ ပြု လျက် စောင့် နေ ပါ မည်။

Ver Capítulo Copiar

Judson Bible

3 အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။

Ver Capítulo Copiar




ဆာ​လံ 5:3
15 Referencias Cruzadas  

ဆင်းရဲ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို အထံ​တော်​သို့ ရောက်​စေ​၍ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။


အကျွန်ုပ်​သည် မိုး​မ​လင်း​မီ​ထ​၍ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​ပါ​၏​။


အို ဘုရားရှင်​၊ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားစွင့်​တော်မူ​ပါ​။


ကင်းစောင့်​တို့​သည် နံနက်အချိန်​ကို​စောင့်မျှော်​ကြ​သည်​ထက် အကယ်စင်စစ် ကင်းစောင့်​တို့​သည် နံနက်အချိန်​ကို​စောင့်မျှော်​ကြ​သည်​ထက် ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားရှင်​ကို စောင့်မျှော်​၏​။


အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။


အကျွန်ုပ်​၏​ဘုရားသခင်​၊ နေ့​အချိန်​၌​အကျွန်ုပ်​ခေါ်​သော်လည်း ကိုယ်တော်​သည် ထူး​တော်​မ​မူ​ပါ​။ ညအချိန်​၌​လည်း အကျွန်ုပ်​တွင် ငြိမ်သက်ချမ်းသာမှု​မ​ရှိ​ပါ​။


အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​အား ရန်ဖက်ပြု​သော​သူ​တို့​ကို ကိုယ်တော်​အားဖြင့် တွန်းလှန်​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နင်းချေ​ကြ​ပါ​၏​။


နေဝင်ချိန်​၊ နံနက်ချိန်​၊ မွန်းတည့်ချိန်​တွင် ငါ​သည် ညည်းတွားပြောဆို​လျက် အော်ဟစ်မြည်တမ်း​သောအခါ ကိုယ်တော်​သည် ငါ​၏​အသံ​ကို​ကြား​တော်မူ​လိမ့်မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် ကောင်းမြတ်​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ဘက်​သို့​လှည့်​တော်မူ​ပါ​။


သို့သော် ဘုရားသခင်​သည် ရှေးကာလ​မှစ၍ အကျွန်ုပ်​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေ​အလယ်​၌ ကယ်တင်​ခြင်း​အမှု​ကို​ပြု​တော်မူ​၏​။


ကိုယ်တော်​၏​အိမ်​တော်​၌ နေထိုင်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေ​ကြ​ပါ​လိမ့်မည်​။(​စေလာ)


အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ နံနက်အချိန်​၌ အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော့်​ထံသို့​ရောက်​ပါ​၏​။


အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ညအချိန်​၌ ကိုယ်တော်​ကို တောင့်တ​ပါ​၏​။ အကျွန်ုပ်​အထဲ​ရှိ ဝိညာဉ်​သည်​လည်း ကိုယ်တော့်​ကို ကြိုးစားရှာ​ပါ​၏​။ ကမ္ဘာမြေကြီး​ကို ကိုယ်တော်​တရားစီရင်​တော်မူ​သောအခါ လောကသား​တို့​သည် ဖြောင့်မတ်​ခြင်း​တရား​ကို သင်ယူ​ကြ​ပါ​၏​။


အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​ပြီ​။ “​အကျွန်ုပ်​အကူအညီ​အော်ဟစ်တောင်းဆို​သောအခါ နား​တော်​ကို ပိတ်​ထား​တော်​မ​မူ​ပါ​နှင့်​။​”


နံနက်​စောစော​မိုး​မ​လင်း​မီ ကိုယ်တော်​သည်​ထ​၍ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ထို​အရပ်​၌ ဆုတောင်း​တော်မူ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos