ဆာလံ 49:14 - မြန်မာ့စံမီသမ္မာကျမ်း14 သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။ Ver CapítuloCommon Language Bible14 သူတို့သည်သိုးများကဲ့သို့သေကြရ၏။ သေမင်းသည်သူတို့၏သိုးထိန်းဖြစ်လိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာများသည်မိမိတို့အိမ်နှင့် ဝေးကွာလှသည့်မရဏာနိုင်ငံတွင် မကြာမီပုပ်ပျက်သွားစဉ်သူတော်ကောင်းတို့ သည် သူတို့ကိုအနိုင်ရကြလိမ့်မည်။ Ver CapítuloGarrad Bible14 သိုး အုပ် ကဲ့ သို့ မ ရ ဏာ့ နိုင် ငံ ၌ လှောင် ထား ခြင်း၊ သေ မင်း ထိန်း ကျောင်း ခြင်း ကို ခံ ရ ၍၊ နံ နက် တိုင် သော်၊ ဖြောင့် မတ် သူ တို့ နင်း နယ် ကြ စဉ်၊ ကြက် သ ရေ အ ဆောင် ကင်း လျက်၊ မ ရ ဏာ့ နိုင် ငံ တွင် အ သွင် ကွယ် ပျောက် ရ လ တ္တံ့။ Ver CapítuloJudson Bible14 ထိုသူတို့ကို သိုးများကဲ့သို့ မရဏနိုင်ငံ၌ချထား၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာသည် ဖောက်ပြန်ဖို့ရာဖြစ်၏။ မရဏနိုင်ငံသည် သူတို့၏နေရာဖြစ်၏။ Ver Capítulo |