ဆာလံ 49:10 - မြန်မာ့စံမီသမ္မာကျမ်း
10 အကြောင်းမူကား ပညာရှိတို့သည် သေကြရသည့်နည်းတူ မိုက်မဲသောသူနှင့် အသိတရားမဲ့သောသူသည်လည်း ပျက်စီးသွား၍ မိမိတို့၏ဥစ္စာပစ္စည်းကို သူတစ်ပါးတို့အတွက်ထားခဲ့ရသည်ကို လူသည်တွေ့မြင်ရလိမ့်မည်။
Ver Capítulo Copiar
10 ပညာရှိတို့သည်လည်းကောင်း၊မိုက်မဲ၍ အသိဉာဏ်တုံးသူတို့သည်လည်းကောင်း သေခြင်းတရားကိုမလွန်ဆန်နိုင်ကြောင်းကို မည်သူမဆိုတွေ့မြင်နိုင်ပေသည်။ သူတို့အားလုံးပင်မိမိတို့၏ဥစ္စာပစ္စည်းများကို သားမြေးများအတွက်ထားခဲ့ရကြ၏။
Ver Capítulo Copiar
10 မု ချ ဆင်း ကြ ရ လ တ္တံ့။ ပ ညာ ရှိ သူ တို့ သေ လျက်၊ မိုက် မဲ သူ နှင့် တ ကွ ဉာဏ် တုံး သူ တို့ ပျက် စီး ၍၊ ကြွယ် ဝ သ မျှ ကို၊ သူ တစ် ပါး တို့ ဆက် ခံ ကြ ရာ ၏။
Ver Capítulo Copiar
10 ထင်ရှားသောအရာဟူမူကား၊ ပညာရှိသောသူတို့သည် သေတတ်ကြ၏။ ထိုအတူ မိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်းသို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတစ်ပါးတို့၌ ချန်ထားကြ၏။
Ver Capítulo Copiar