ဆာလံ 48:11 - မြန်မာ့စံမီသမ္မာကျမ်း11 ကိုယ်တော်၏တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်ပါစေ။ ယုဒသမီးပျိုတို့သည် ရွှင်လန်းကြပါစေ။ Ver CapítuloCommon Language Bible11 ဇိအုန်မြို့သူမြို့သားတို့သည်ဝမ်းမြောက် ကြပါစေ။ ကိုယ်တော်သည်ဖြောင့်မှန်စွာတရားစီရင် တော်မူပါ၏။ ယုဒပြည်မြို့ကြီးများတွင်ရွှင်လန်းမှုရှိ ပါစေ။ Ver CapítuloGarrad Bible11 စီ ရင် ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ ဇိ အုန် မြို့ ဝမ်း မြောက် လျက်၊ ယု ဒ အ မျိုး သ မီး တို့ ရွှင် လန်း ကြ စေ။ Ver CapítuloJudson Bible11 တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည်ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။ Ver Capítulo |
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။