ဆာလံ 46:6 - မြန်မာ့စံမီသမ္မာကျမ်း6 လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။ Ver CapítuloCommon Language Bible6 လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။ Ver CapítuloGarrad Bible6 လူ မျိုး ခြား တို့ သည် ထ ကြွ ၍၊ တိုင်း နိုင် ငံ များ လည်း လှုပ် ရှား ရ ကြ၏။ အ သံ တော် လွှင့် တော် မူ သော်၊ မြေ ပ ထ ဝီ အ ရည် ပျော် ရ ၏။ Ver CapítuloJudson Bible6 လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံတို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။ Ver Capítulo |
ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။
သင်သည် သူတို့အား ဤစကားအလုံးစုံကို ပရောဖက်ပြုဟောပြောရမည်။ သူတို့အား “ထာဝရဘုရား၏အသံတော်သည် အထက်ကောင်းကင်မှ မြည်ဟိန်းထွက်ပေါ်လာမည်။ သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ အသံကိုလွှင့်တော်မူမည်။ မိမိသိုးစုကို ကျယ်လောင်စွာဟိန်းဟောက်တော်မူမည်။ စပျစ်သီးနင်းနယ်သောသူတို့ အော်ဟစ်သကဲ့သို့ မြေကြီးသားတို့ကို အော်ဟစ်တော်မူမည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ထွန်ယက်သောသူသည် ရိတ်သိမ်းသောသူကိုလည်းကောင်း၊ စပျစ်သီးနင်းနယ်သောသူသည် မျိုးစေ့ကြဲသောသူကိုလည်းကောင်း ကျော်လွန်သွားမည့်နေ့ရက်ရောက်လာလိမ့်မည်။ တောင်များပေါ်တွင် စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းရှိသမျှကို ဖုံးလွှမ်းမည့်နေ့ရက်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။