ဆာလံ 45:17 - မြန်မာ့စံမီသမ္မာကျမ်း17 အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို မျိုးဆက်အစဉ်အဆက်အား အောက်မေ့စေပါမည်။ ထို့ကြောင့် လူမျိုးတကာတို့သည် ကာလအစဉ်အဆက် ကိုယ်တော်ကိုချီးမွမ်းကြပါလိမ့်မည်။ Ver CapítuloCommon Language Bible17 ကျွန်တော်မျိုး၏သီချင်းသည်အရှင်မင်း ကြီးအား ထာဝစဉ်ထင်ပေါ်ကျော်ကြားစေပါလိမ့်မည်။ လူအပေါင်းတို့သည်လည်းအရှင်မင်းကြီးအား ကာလအစဉ်အဆက်ချီးမွမ်းကြပါလိမ့်မည်။ Ver CapítuloGarrad Bible17 အ ကျွန်ုပ် သည်၊ နာ မ တော် ကို အ မျိုး အ ဆက် ဆက် သ တိ ရ စေ သ ဖြင့်၊ လူ မျိုး တို့ သည်၊ က မ္ဘာ အ ဆက် ဆက် ကျေး ဇူး တော် ကို ချီး မွမ်း ရ ကြ ပါ လိမ့် မည်။ Ver CapítuloJudson Bible17 အကျွန်ုပ်သည် ကိုယ်တော်၏နာမကို လူမျိုးအစဉ်အဆက် အောက်မေ့ကျော်စောစေသဖြင့်၊ လူမျိုးတို့သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတ္တံ့သတည်း။ Ver Capítulo |
ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ တစ်ဦးတည်းသာရှိပါ၏။ သူ့မိခင်အဖို့ သူသည် တစ်ဦးတည်းသောသမီး၊ သူ့ကိုမွေးသောမိခင်အဖို့ သူသည် အနှစ်သက်ဆုံးသောသမီးဖြစ်၏။ မိန်းမပျိုတို့သည် သူ့ကိုမြင်လျှင် မင်္ဂလာရှိသောသူ ဟုခေါ်ကြ၏။ မိဖုရားများ၊ မောင်းမများလည်း သူ့ကိုချီးမွမ်းကြ၏။
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။