ဆာလံ 42:5 - မြန်မာ့စံမီသမ္မာကျမ်း5 အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ထပ်၍ချီးမွမ်းမည်။ Ver CapítuloCommon Language Bible5 ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။ Ver CapítuloGarrad Bible5 အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော အ ရှင် ကို၊ ငါ ချီး မွမ်း ခွင့် ရ ဦး မည်။ Ver CapítuloJudson Bible5 အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း။ Ver Capítulo |
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။