ဆာလံ 40:9 - မြန်မာ့စံမီသမ္မာကျမ်း9 အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်၌ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် မိမိနှုတ်ကိုပိတ်၍မနေကြောင်း ကိုယ်တော်သိတော်မူပါ၏။ Ver CapítuloCommon Language Bible9 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်ဝင်အပေါင်းတို့စုဝေးရာ၌ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင် ကယ်တော်မူကြောင်းသတင်းကောင်းကို ပြောကြားပါ၏။ ဤအကြောင်းကိုကျွန်တော်မျိုးသည်အစဉ် မပြတ် ပြောကြားနေမည်ဖြစ်ကြောင်းကိုယ်တော်ရှင် သိတော်မူပါ၏။ Ver CapítuloJudson Bible9 ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏။ Ver Capítulo |
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။