ဆာလံ 37:40 - မြန်မာ့စံမီသမ္မာကျမ်း40 ထာဝရဘုရားသည် သူတို့ကိုကူညီမစ၍ ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်၌ခိုလှုံကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကယ်တင်တော်မူ၏။ Ver CapítuloCommon Language Bible40 ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။ သူတို့သည်ကိုယ်တော်၏ထံတော်တွင် ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။ Ver CapítuloGarrad Bible40 ထာ ဝ ရ ဘု ရား သည်၊ သူ တို့ ကို မ စ ကယ် နုတ်၍၊ ကိုယ် တော်၌ ခို လှုံ ကြ သော ကြောင့်၊ လူ ဆိုး တို့ လက် မှ ကယ် နုတ် လွတ် မြောက် စေ တော် မူ ၏။ Ver CapítuloJudson Bible40 ထာဝရဘုရားသည် သူတို့ကိုမစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့လက်မှ နုတ်ယူကယ်တင်တော်မူမည်။ Ver Capítulo |
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။