ဆာလံ 37:25 - မြန်မာ့စံမီသမ္မာကျမ်း25 ငါသည် လူငယ်တစ်ဦးဖြစ်ခဲ့ပြီး ယခုအသက်ကြီးလေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းခံရသည်ကိုလည်းကောင်း၊ သူ၏သားမြေးတို့သည် အစာတောင်းရမ်းနေကြရသည်ကိုလည်းကောင်း မတွေ့မမြင်ဖူးပေ။ Ver CapítuloCommon Language Bible25 ယခုအခါငါသည်အသက်ကြီးရင့်လေပြီ။ ငါသည်ကြာရှည်စွာအသက်ရှင်ခဲ့ပါပြီ။ သို့ရာတွင်သူတော်ကောင်းအားထာဝရဘုရား စွန့်ပစ်တော်မူသည်ကိုလည်းကောင်း၊ သူ၏သားသမီးတို့တောင်းစားရသည်ကို လည်းကောင်း တစ်ချိန်တစ်ခါမျှငါမတွေ့မမြင်ခဲ့ဘူးပါ။ Ver CapítuloGarrad Bible25 ဖြောင့် မတ် သူ သည် ကိုး ရာ မဲ့ လျက်၊ သူ့ သား မြေး တို့ လည်း တောင်း စား လျက် နေ ရ ကြ သည် ကို၊ ငယ် ရွယ် စဉ် မှ စ၍၊ ယ ခု အို မင်း သည့် ကာ လ တိုင် အောင်၊ ငါ မ မြင် ရ စ ဖူး။ Ver CapítuloJudson Bible25 ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။ Ver Capítulo |