Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 35:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အကြောင်းမူကား သူ​တို့​သည် ငြိမ်းချမ်းရေး​စကား​ကို​မ​ပြော​ဘဲ အေးချမ်း​စွာ​နေထိုင်​သော​ပြည်သား​တို့​တစ်ဖက်​၌ လိမ်လည်လှည့်ဖြား​သော​စကား​တို့​ကို လုပ်ကြံ​ပြောဆို​ကြ​ပါ​၏​။

Ver Capítulo Copiar

Common Language Bible

20 သူ​တို့​သည်​ငြိမ်း​ချမ်း​စေ​မည့်​စ​ကား​ကို မ​ပြော​ဘဲ ငြိမ်း​ချမ်း​ရေး​လို​လား​သူ​တို့​၏​အ​ကြောင်း​ကို မ​ဟုတ်​မ​မှန်​လုပ်​ကြံ​၍​ပြော​ဆို​ကြ​ပါ​၏။

Ver Capítulo Copiar

Garrad Bible

20 သူ တို့ သည် ရန် ငြိမ်း ခြင်း အ ကြောင်း မ တိုင် ပင် ဘဲ၊ ပြည် တော် တွင် ငြိမ် ဝပ် စွာ နေ ထိုင် သူ တို့ တစ် ဘက်၊ လိမ် လည် သော စွဲ ဆို ချက် များ ကို ကြံ စည် ၍၊

Ver Capítulo Copiar

Judson Bible

20 အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​မှု​ငြိမ်း​စေ​သော စ​ကား​ကို မ​ပြော​ကြ​ပါ။ ငြိမ်​ဝပ်​စွာ​နေ​သော ပြည်​သား​တို့​တစ်​ဖက်၌ လျှို့​ဝှက်​သော​အ​မှု​များ​ကို ကြံ​စည်​ကြ​ပါ၏။

Ver Capítulo Copiar




ဆာ​လံ 35:20
15 Referencias Cruzadas  

အကြောင်းမူကား “​ပတ်လည်​၌​ကြောက်လန့်စရာ​ရှိ​၏​”​ဟူသည့် များစွာ​သော​သူ​တို့​၏​ရှုတ်ချသောစကား​ကို အကျွန်ုပ်​ကြား​ရ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​တစ်ဖက်​၌ အတူတကွ​စုဝေး​ကြ​သောအခါ အကျွန်ုပ်​၏​အသက်​ကို​သတ်​ရန် ကြံဆ​ကြ​ပါ​၏​။


အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ထောင်ဖမ်း​ကြ​ပါ​၏​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ရှာကြံ​သော​သူ​တို့​သည် ပျက်စီး​ခြင်း​အကြောင်း​များ​ပြောဆို​၍ လိမ်လည်လှည့်ဖြားမှု​များ​ကို တစ်နေ့လုံး​ကြံစည်​ကြ​ပါ​၏​။


အို လိမ်လည်ကောက်ကျစ်မှု​ကို​ပြု​သော​သူ​၊ သင်​၏​လျှာ​သည် ထက်​သော​သင်တုန်းဓား​ကဲ့သို့ ပျက်စီး​ခြင်း​ဘေး​များ​ကို ကြံစည်​တတ်​၏​။


ငါ​သည် သတ်​ရန်​ခေါ်ဆောင်​သွား​သည့် နူးညံ့​သော​သိုးသငယ်​ကဲ့သို့​ဖြစ်​၏​။ “​သူ​၏​အပင်​ကို အသီး​နှင့်တကွ ဖျက်ဆီး​ကြ​ကုန်​စို့​။ သူ​၏​အမည်​ကို နောက်ထပ်​အမှတ်​မ​ရ​စေရန် လူ့လောက​မှ သူ့​ကို​ဖယ်ရှား​ကြ​ကုန်​စို့​”​ဟု ဆို​လျက် ငါ့​ကို လျှို့ဝှက်ကြံစည်​နေ​ကြ​သည်​ကို ငါ​မ​သိ​ခဲ့​ပေ​။


နောက်ဆုံး​တွင် သူ​တို့​က “​ဒံယေလ​ကို သူ့​ဘုရားသခင်​၏​ပညတ်တရား​နှင့်​ပတ်သက်သော​စွပ်စွဲ​ချက်​မှတစ်ပါး အခြား​စွပ်စွဲ​ချက်​ကို ရှာတွေ့​နိုင်​မည်​မ​ဟုတ်​”​ဟု ပြောဆို​ကြ​၏​။


သူ​သည် ငြင်းခုံ​ခြင်း​နှင့်​အော်ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အသံ​ကို​လည်း လမ်းမ​ပေါ်၌ မည်သူမျှ ကြား​ရ​မည်​မ​ဟုတ်။


ဖာရိရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြောဆို​ကြ​၏။


ယေရှု​ကို ပရိယာယ်​အားဖြင့်​ဖမ်းဆီး​၍ သတ်ဖြတ်​ရန် တိုင်ပင်​ကြ​၏။


သို့ဖြစ်၍ ယခု အရှင်​တို့​သည် တရား​လွှတ်တော်​အဖွဲ့​နှင့်အတူ ပေါလု​၏​အမှု​ကို ပို၍​တိကျ​စွာ​စစ်ဆေး​လို​ဟန်​ပြု​လျက် သူ့​ကို အရှင်​တို့​ထံသို့​ခေါ်ဆောင်​လာ​ရန်​တပ်မှူးကြီး​အား လျှောက်ထား​ကြ​ပါ။ အကျွန်ုပ်​တို့​သည် ဤ​နေရာ​သို့ သူ​မ​ရောက်လာ​မီ သူ့​ကို​သတ်​ရန် အသင့်​ရှိ​နေ​ပါ​မည်”​ဟု ပြောကြား​ကြ​၏။


မိမိ​တို့​အား ကျေးဇူးပြု​သည့်​အနေဖြင့် ပေါလု​ကို ဂျေရုဆလင်​မြို့​သို့​ပို့​ပေး​ရန် သူ့​အား​တောင်းပန်​ကြ​၏။ အကြောင်းမှာ သူ​တို့​သည် ပေါလု​ကို လမ်း​၌​ချောင်းမြောင်း​သတ်ဖြတ်​ရန် ကြံစည်​ထား​ကြ​သောကြောင့်​ဖြစ်​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos