ဆာလံ 34:21 - မြန်မာ့စံမီသမ္မာကျမ်း21 မကောင်းမှုသည် ဆိုးယုတ်သောသူတို့ကိုသေဆုံးစေလိမ့်မည်။ ဖြောင့်မတ်သောသူကိုမုန်းသောသူတို့သည်လည်း ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်။ Ver CapítuloCommon Language Bible21 သူယုတ်မာတို့သည်မိမိတို့၏အပြစ်ဒုစရိုက် ကြောင့် အသက်ဆုံးကြရလိမ့်မည်။ သူတော်ကောင်းကိုမုန်းသောသူတို့သည် အပြစ်ဒဏ်သင့်ကြလိမ့်မည်။ Ver CapítuloGarrad Bible21 လူ ဆိုး သည်၊ ဆိုး သွမ်း ခြင်း ဖြင့် သေ ဒဏ် ခံ ၍၊ ဖြောင့် မတ် သူ့ ကို မုန်း ထား သူ တို့ လည်း၊ ပြစ် ဒဏ် ခံ ရ ကြ လ တ္တံ့။ Ver CapítuloJudson Bible21 မတရားသောသူမူကား၊ ဘေးဖြင့်အသက်ဆုံးခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။ Ver Capítulo |
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။