ဆာလံ 27:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။ Ver CapítuloCommon Language Bible4 ထာဝရဘုရားအားငါတောင်းလျှောက်လို သောဆု၊ ငါလိုချင်တောင့်တသောဆုတစ်ခုတည်းရှိ၏။ ထိုဆုကားဘုရားသခင်၏အိမ်တော်တွင် တစ်သက်လုံးနေရ၍ကျေးဇူးတော်ကို ချီးမွမ်းအံ့သြလျက် ကိုယ်တော်၏လမ်းပြမှုကိုတောင်းခံနိုင်ခွင့် ပင်ဖြစ်၏။ Ver CapítuloGarrad Bible4 ထာ ဝ ရ ဘု ရား ၏ ကြက် သ ရေ တော် ကို ဖူး မျှော် လျက်၊ စံ ရာ တော် တွင် မေး လျှောက် ရ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား ထံ ငါ တောင်း လျှောက် ၍၊ ဗိ မာန် တော်၌ အ သက် ထက် ဆုံး နေ ထိုင် ခွင့် တစ် ဆု တည်း ကို ရှာ ကြံ မည်။ Ver CapítuloJudson Bible4 ထာဝရဘုရား၏တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌မွေ့လျော်ခြင်းအလိုငှာ၊ ထာဝရဘုရား၏ အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။ Ver Capítulo |
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။