ဆာလံ 23:4 - မြန်မာ့စံမီသမ္မာကျမ်း4 အကယ်၍ သေခြင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း၌ လျှောက်သွားရသော်လည်း အကျွန်ုပ်သည် ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုနှစ်သိမ့်ပေးပါ၏။ Ver CapítuloCommon Language Bible4 အို ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။ Ver CapítuloGarrad Bible4 သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။ Ver CapítuloJudson Bible4 အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။ Ver Capítulo |