ဆာလံ 22:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် ကိုယ်တော့်ထံသို့အော်ဟစ်၍ လွတ်မြောက်ရကြပါ၏။ သူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြသဖြင့် အရှက်ကွဲခြင်းနှင့်ကင်းလွတ်ကြပါ၏။ Ver CapítuloCommon Language Bible5 သူတို့သည်ကိုယ်တော်၏ထံတော်သို့အော်ဟစ် တောင်းလျှောက်ကြသဖြင့် ဘေးဥပဒ်များမှလွတ်မြောက်ခဲ့ကြပါ၏။ သူတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား ကြသည် နှင့်အမျှအကျိုးကိုခံစားကြရပါ၏။ Ver CapítuloGarrad Bible5 ကိုယ် တော့် ထံ ဟစ် ခေါ် ရာ၊ လွတ် မြောက် ရ လျက်၊ အ ရှက် မ ကွဲ ရ ဘဲ ကိုး စား ကြ ပါ ၏။ Ver CapítuloJudson Bible5 သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ်တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကိုကိုးစား၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။ Ver Capítulo |
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။