ဆာလံ 22:15 - မြန်မာ့စံမီသမ္မာကျမ်း15 အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ခန်းခြောက်၍ အကျွန်ုပ်၏လျှာသည် အာခေါင်၌ကပ်နေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းမြေမှုန့်ထဲ၌ထားတော်မူ၏။ Ver CapítuloCommon Language Bible15 ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။ Ver CapítuloGarrad Bible15 လျှာ သည် မေး ရိုး များ ကို ကပ် လျက် ရှိ နေ ရာ၊ သေ တွင်း သို့ အ ကျွန်ုပ် ကို ရောက် စေ တော် မူ ပါ၏။ Ver CapítuloJudson Bible15 အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ။ Ver Capítulo |
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။